Chapter 3
ဆာစီးနီယာသည် အိမ်ပြန်ရောက်သည်နှင့် ချက်ချင်းပင် ဆိုဖာပေါ် ပစ်လှဲလိုက်သည်။ သူမ အိမ်သည် ရွာနှင့်အတော်အတန်ဝေးကွာသော သစ်တော မထူထပ်သည့် နေရာတွင်တည်ရှိသော အိမ္ငယ္ကေလး တစ်လုံးသာဖြစ်သည်။
မျက်နှာကျက်မှာလည်း အလွန်အိုမင်းနေသဖြင့် ကြွက်ကိုက်ပေါက်များက နေရာတိုင်းမှာ ရှိနေကြသည်။ မိုးရွာသည့်အခါတိုင်း ထိုအပေါက်ထဲသို့ ရေများစိမ့်ဝင်သွားတတ်သည်။ မိုးရွာသည့် နေ့များတွင် အိမ်ရှိ ကြောင်များ၊ခွေးများ အားလုံး ရေအိုင်ထဲတွင် နေကြရသည်။
ဆာစီးနီယာ သည် လောင်းကစားအိမ်မှ ရရှိသောငွေဖြင့် မျက်နှာကျက်ဟောင်းကို ပြင်ရန် ရည်ရွယ်ထားသည်။ လောင်းကစားအိမ်ဟု တွေးလိုက်သည်နှင့် သူမခန္ဓာကိုယ်ထဲတွင် အပူရှိန် မ်ား ပြန်တောက်လာသလို ခံစားရသည်။ ကတိပေးထားသည့်အတိုင်း တစ်ပတ်အတွင်း သူမ၏ ငွေများမရရှိပါက ထိုအိမ္ကို မီးရှို့ပစ်မည်ဖြစ်သည်။
"ကျွန်တော်"
ဆာစီးနီယာ သည် ပုရွက်ဆိတ်တစ်ကောင်လို တိုးညှင်းလှသည့် လေသံလေးကို ကြားလိုက်ရာ သူ့ကို လှည့်ကြည့်လိုက်သည်။
'အင်း...ဟုတ္သားပဲ..ငါ သူ့ကို စရံအဖြစ် ခေါ်လာခဲ့တာပဲ.'
ကောင်လေးက မဝံ့မရဲနှင့် ထောင့်နားမှာ ရပ်နေလေ၏။ လောင်းကစားအိမ်က အျဖစ္တို့ကို ပြန်တွေးနေသဖြင့် ဆာစီးနီယာ သူ့ကို လုံးလုံး မေ့သွားရသည်။
"ဘာလဲ"
" ခင်ဗျား ကျွန်တော့်ကို ဒီကို ခေါ်လာရတဲ့ အကြောင်းအရင်း ... "
"နင်က အပေါင်ပစ္စည်းမလို့လေ"
ဆာစီးနီယာ သူ့ကို စာနာရသော်လည်း ၉၀% နီးပါးက ပိုက်ဆံကြောင့်ပင်။
"ဟုတ်ကဲ့"
သူက စိတ်ပျက်နေပုံကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလေသည်။ သနားစရာကောင်းသော သူ့ပုံစံကြောင့် သူမ အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း မတတ်နိုင်တော့၊သူမ ပိုက်ဆံလိုနေသည်လေ။
ကောင်လေးမှာ ကြောက်ရွံ့နေပုံရပြီး သူ့ လက်သည်းများကို ကိုက်နေလေသည်။ သူ၏ နက်မှောင်နေသော ဆံပင်များမှာလည်း တောင့်တင်းနေပြီး သူမ တစ်ချက်ထိလိုက်သည်နှင့် ကျိုးကြေသွားနိုင်လောက်သည်။သူ၏ နာလန်မထူနိုင်သော ဒဏ်ရာများရှိသည့် အရေပြားနှင့် သူ့ပါးစပ်ထောင့်နားက အညိုအမည်းများကိုပါ မြင်နေရသည်။
YOU ARE READING
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
General Fictionအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...