Chapter 22
"မူလိန်း လို့ ခေါ်တဲ့ ရွာပါ"
အားချန် သည် ချက်ချင်းပင် မြေပုံကို ဖွင့်ကြည့်လိုက်သည်။ မူလိန်းရွာ သည် ယခုသူရှိနေသည့်နေရာမှ တောင်ဘက်ကျသော နေရာဖြစ်ပြီး နှစ်ရက်ကြာအောင် မြင်းစီးရမည် ဖြစ်သည်။
အားချန် မျက်မှောင်ကြုတ်သွားရသည်။
"သေချာလား"
တလမ်းလုံး ပြဿနာမရှိနိုင်ပါဘူးဟု ဘယ္သူမွ အာမ မခံနိုင်ပေ။သူတို့လိုချင်တာ မရပါက လေးရက်ခန့် အလဟဿဖြစ်သွားပေမည်။
"ကျွန်တော်"
နောက်လိုက်မှာ စကားကို ဆုံးအောင်မပြောနိုင်တော့ဘဲ အားချန် က သူ့ကိုနှင်လွတ်လိုက်လေသည်။
နေ့မနား ညမနား သူ့ကို ရှာနေခဲ့ကြသည်။သတင်းရဖို့အတွက် သူ့ကိုယ်ပိုင် နည်းလမ်းရှိပေမယ့်လည်း အတော်ရှာရခက်ပေသည်။
အားချန် သည် မောပန်းနွမ်းနယ်နေသဖြင့် မျက်လုံးမှိတ်ထားပြီး ဆိုဖာပေါ်ထိုင်ချလိုက်သည်။ သူ မြို့စားမင်း ပိုင်နက်မှ ထွက်လာသည်မှာ တစ်လပင်ရှိနေပြီး ယခုအချိန်ဆို သူ ပြန်သွားရမည့်အချိန်ဖြစ်သည်။သို့သော် သူ့ကို အပါမခေါ်နိုင်ပါက မိုးမီးလောင်သွားနိုင်သည်။
စိစိပိတ်ထားနေသော အားချန်၏ မ်က္လုံးမ်ား ပွင့်လာရသည်။ လောလောဆယ်တော့ သူလုပ်ရမှာက မူလိန်း ကိုသွားဖို့ပင်။
အားချန် က သူ့လက်အောက်ငယ်သားတစ်ယောက်ကို လှမ်းခေါ်လိုက်ရာ တံခါးချက်ချင်း ပွင့်လာသည်။
"မနက်ဖြန် ငါတို့ မူလိန်း ကို သွားကြမယ်"
"ဟုတ်ကဲ့ပြင်ဆင်စရာရှိတာတွေ ပြင်လိုက်ပါဦးမယ်"
အားချန် သည် နေဝင်ချိန်ကို မျှော်ကြည့်ကာ သူ့ကို ယခုတစ်ခေါက် သေချာပေါက် တွေ့ရမည်ဟု မျှော်လင့်နေမိသည်။
* * *
မနက်စောစောအချိန်၌ ဆာစီးနီယာ သည် ဘန် ပြင်ပေးထားသည့် စားပွဲတွင်ဝင်ထိုင်လိုက်သည်။ ဘန့် လက်ရာ အာလူးပေါင်မုန့်သည် အိုးထဲတွင် ဖုတ်နေဆဲ ဖြစ်သည်။ဘန်က တစ်နေ့တခြား ဟင်းချက်တော်လာပြီး ယခုဆို ပန်းကန်ပြားများတောင် အကွဲမရှိတော့ပေ။
YOU ARE READING
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
General Fictionအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...