Chapter 18
"အားငါ့ကိုကယ်ပါကယ်ကြပါ"
လောင်းကစားဘုရင် မွန်တင်း အသနားခံသော အကြည့်များဖြင့် အော်ဟစ်နေသည်။ မီးတောက်များက သူ့ကို မုန်တိုင်းတစ်ခုလို လွှမ်းခြုံထားပြီး သူ့အရေပြားမှာလည်း မီးလောင်နေသည်။
"ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါ"
လောင်းကစားဘုရင် မွန်တင်း သည် ပြင်းထန်သော နာကျင်မှုနှင့်အတူ အသက်ရှုကြပ်သလို ပြာနှမ်းသွားရကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ့ခြေထောက်များမှာ ချက်ချင်းပင် မီးကျွမ်းသွားပြီး မဲတူးနေ၏။
"ငါ မှားသွားပါတယ်...ကျေးဇူးပြုပြီးကယ်ပါ"
သူ သနားစရာကောင်းအောင် ညည်းတွားနေသော်လည်း ကယ်သူမရှိပေ။ မြင်ကွင်းကို ပိတ်ဆို့နေသော မီးတောက်ကြီးများကြားတွင် ဆာစီးနီယာ ကို သူမြင်နေရသည်။ သူမသည် ဤငရဲမွ လွတ်မြောက်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
လောင်းကစားဘုရင်က ဆာစီးနီယာ ဆီ လက်လှမ်းလိုက်သည်။
"ငါ ဒီဝေဒနာကနေ လွတ်မြောက်ချင်တယ်ငါ့အမှားတွေအားလုံးကို ဝန်ခံပြီး မင်း စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်ငါ့ကို ကယ်ပါ"
သို့သော်လည်း ဆာစီးနီယာ မွာ တုတ်တုတ်မျှပင် မလှုပ်သဖြင့် လောင်းကစားဘုရင် မွန်တင်း ၏လက်သည် ကြမ်းပြင်ပေါ် ခိုကိုးရာမဲ့ ပြုတ်ကျသွားသည်။ သည်းမခံနိုင်သော ဝေဒနာကြောင့် တဖြည်းဖြည်း သူ သတိလစ်ချင်သလို ဖြစ်လာသည်။
"ဟား"
လောင်းကစားဘုရင်က ပါးစပ္ကိုဟ,ကာ အသက်ရှူထုတ်လိုက်ပြီး ပူလောင်နေသော ရင်ဘတ်ကို ဖိကိုင်ထားသည်။
"ကယ်"
အဆက်မပြတ် နာကျင်လာခြင်းကြောင့် သူ စကားကို ဆုံးအောင်မပြောနိုင်တော့ပေ။
စိတ်ပျက်စရာကောင်းလှသည့် ဤအခြေအနေမှာတောင် ဆာစီးနီယာ သူ့ကို လစ်လျူရှူထားဆဲပင်။
ဘုန်း
ထိုအသံနှင့်အတူ လောင်းကစားဘုရင် မွန်တင်း ၏ ခန္ဓာကိုယ်သည် ကူကယ်ရာမဲ့ ရှေ့သို့ ငိုက်ကျသွားသည်။
YOU ARE READING
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
General Fictionအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...