အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

409 28 0
                                    

Chapter 53

နှစ်ရက်တာကုန်ဆုံးသွားခဲ့သည်။

ထိုအချိန်တွင်းမှာ ဆာစီးနီယာက ဘန်ကို လုံးဝမတွေ့ခဲ့ရ။ သူ့အလုပ်တွေနှင့်ရှုပ်နေလို့ မြို့စားမင်းပိုင်နက်ကို ပြန်မလာနိုင်ခြင်းဖြစ်ဖို့များသည်။ ဆရာဝန်က ဆာစီးနီယာကို ကြည့်ရှုဖို့ မနက်တိုင်းရောက်လာသည်။ သူမ အဆင်ပြေနေပြီဖြစ်လို့ လာမကြည့်ဖို့ပြောထားကတည်းက သူက ဒါဟာ မြို့စားရဲ့အမိန့်ဖြစ်လို့ ရွေးချယ်ခွင့်မရှိပဲ လာကြည့်ရမည်သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

‘စိတ်ပူတယ်ဆိုရင် လူချင်းလာတွေ့သင့်တယ်လေ’ သူမသည် စိတ်ထဲကနေ ညည်းညူပြောဆိုလိုက်သည်။

ထပ်ပြီး ဘန်သည် ဒီနေ့လည်း ရောက်ရှိမလာခဲ့ပြန်။ ဆာစီးနီယာက မြို့စားမင်းပိုင်နက်နဲ့ ရင်းနှီးကျွမ်းဝင်အောင် ကိုယ့်နည်းလမ်းနဲ့ကိုယ်ကြိုးစားကာ အချိန်ကုန်နေခဲ့ရသည်။ ထိုနေရာမှာ သူမလုပ်နိုင်သည်က ဘာမှမရှိ။

“ငါဒီမှာဆက်ပြီးနေနိုင်ဖို့ မျှော်လင့်မိတယ်”

ဆိုဖာပေါ်မှာ သက်သောင့်သက်သာဖြစ်တဲ့ အနေအထားနဲ့ထိုင်နေတဲ့ မေသည် ကွတ်ကီးများကို လင်ပန်းထဲမှ  လှမ်းယူရင်းပြောလိုက်သည်။ သူမကိုကြည့်ရတာ ဒီမှာနေရတဲ့ဘဝကို စိတ်ကျေနပ်နေပုံရသည်။

“ဒါငါတို့အိမ်မဟုတ်ဘူး.. မကြာခင်မှာ ထွက်သွားရတော့မှာ”

ဆာစီးနီယာသည် မေကို စိတ်တည်ငြိမ်ဖို့ ဆူပူကြိမ်းမောင်းလိုက်သည်။ ဒါက သူတို့အိမ်မဟုတ်သည့်အတွက် ဒီမှာဆက်ပြီးနေဖို့ဆိုတာ အဓိပ္ပာယ်မရှိပေ။

“အမ်း… ဆာစီးနီယာက မြို့စားမင်းကို လက်ထပ်မယ်ဆိုရင် ညီမလည်း ဒီမှာနေလို့ရတယ်မဟုတ်ဘူးလား”

“ဖူး အဟွတ် အဟွတ်”

အနံ့မွှေးကြိုင်သောအနက်ရောင်လက်ဖက်ရည်ကိုသောက်နေတဲ့ ဆာစီးနီယာသည် အံ့သြထိတ်လန့်ပြီး သီးသွားရသည်။ သူမသည် ဆက်လက်၍ ချောင်းဆိုးနေပြီး ကြက်သွေးရောင်မျက်ဝန်းများနဲ့ မေကို စိုက်ကြည့်နေသည်။

“ဘာ”

“ဆာစီးနီယာက မြို့စားမင်းကို လက်ထပ်လိုက်မယ်ဆိုရင် ညီမလည်း ဒီမှာဆက်နေလို့ရတယ်မလား” မေက လှောင်ပြုံးပြုံးပြီး ပုခုံးတွန့်လိုက်သည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Donde viven las historias. Descúbrelo ahora