Chapter 25
"အစ်မ ဆာစီးနီယာ..."
"အင်...အင်း..."
တစ်နေကုန်အိပ်နေသော ဆာစီးနီယာ သည် မေ့ အသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရကာ ဝမ်းလျားမှောက်၍ ဆက်အိပ်နေလိုက်၏။
'နင် ငါ့ကို ဘာတွေ အနှောင့်အယှက် ပေးဦးမလို့လဲ"
"အစ်မ ဆာစီးနီယာ..."
မေ က ဆာစီးနီယာ ကို အတင်းလှုပ်နှိုးပြန်သည်။
"အင်း...ဘာလို့လဲဟာ"
ဆာစီးနီယာ မျက်မှောင်ကြုတ်ကာ မျက်လုံးဖွင့် ကြည့်လိုက်သည်။
"အပြင်မှာ တစ်ခုခု ဖြစ်နေပြီ"
"ညကြီးသန်းခေါင် ဘာဖြစ်နေလို့လဲ"
"အိမ်ကို လူတွေ လာနေကြတယ်..."
မေ က ကြောက်နေပုံ ပေါက်နေပြီး ကဏှာမငြိမ် ဖြစ်နေလေသည်။
ဆာစီးနီယာ အမြန် လူးလဲထလိုက်သည်။
'ဒီအချိန်ကြီး အိမ်ကို ဘယ်သူလာတာပါလိမ့်'
"ဘယ်သူတွေလဲ"
"ဟိုမှာ"
မေက ပြောရင်းဆိုရင်း ပြတင်းပေါက်အပြင်ကို လက်ညိုးထိုးပြလြိက်သည်။
ဆာစီးနီယာ လည်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ မီးတုတ်များစွာ တရွေ့ရွေ့လာနေသည်ကို မြင်လိုက်ရသည်။
မီးရောင်များနှင့်အတူ ခြေသံပြင်းပြင်းတို့ကြောင့် မြေကြီးပါ တုန်ခါသွားသလိုပင်။
"အဲ့ဒါဘာလဲ"
ဆာစီးနီယာ မျက်လုံး ပြူးသွားရသည်။ထို့နောက် သူမ အိပ်ယာထကာ ပြတင်းပေါက်နား လျှောက်သွားလိုက်ရာ မီးတောက်တို့ တဖျပ်ဖျပ်တောက်နေသည်ကို မြင်နေရ၏။
"ဘာတွေပါလိမ့်နော်"
မေ သည် ဆာစီးနီယာ ၏ လက်ဖဝါးကို အားကိုးတကြီး ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။ သူမ မျက်နှာမှာလည်း စက္ကူအလွတ်တစ်ရွက်လို ဖြူဖျော့နေနေလေသည်။
ထို့နောက် ဆာစီးနီယာက အခန်းပြင်ထွက်ရန် ပြင်လိုက်ရာ မေက ဖမ်းဆွဲထား၏။
BẠN ĐANG ĐỌC
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
Tiểu Thuyết Chungအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...