အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

241 13 0
                                    

အဓိကဇာတ်လိုက်က ငါ့ကိုစွဲလမ်းနေတယ်

Chapter 118

ဘန်း

ကြီးမားသည့် ပေါက်ကွဲသံကြီးနှင့်အတူ အန္တရာယ်ကြီးစွာ တောက်လောင်နေသည့်မီးတောက်ကြီးသည် ရေနှင့်ပက်ဖြန်းလိုက်သဖွယ် ပြိုကွဲသွားသည်။

“အား”

“အာ-အားးးးး”

ထိုမီးတောက်ကြီးမှာ သူတို့နှင့် လောကကြီးတစ်ခုလုံးကို လောင်မြိုက်တော့မည်ဟု ထင်မှတ်နေ၍ အော်ဟစ်နေကြသည်။

“ဟ-ဟမျ…”

သို့သော်တစ်ခဏအကြာတွင် ထိုအော်ဟစ်သံများမှာ တစ်မျိုးပြောင်းသွားသည်။

“မပူဘူးဟ…”

လူများသည် ပဟေဠိဖြစ်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ကြသည်။

“ဘယ်လိုလုပ်ပြီး…”

လူတစ်ယောက်ကို ဝါးမြိုနိုင်သည့် မီးတောက်ကြီးမှာ ရုတ်ရက်ဆိုသလိုပင် နေရာပေါင်းစုံသို့ ကွဲထွက်ပျံ့နှံ့သွားပြီး အနီရောင်ရေနွေးငွေ့များအဖြင့် ကောင်းကင်ယံသို့ တက်သွားသည်။ အနီရောင်ရေနွေးငွေ့များမှာ အလွန်ပေါ့ပါးလွန်းသည့်အတွက် လေနှင့်ပင်မျောပါသွားသည်။

“ဟို-ဟိုမှာကြည့်လိုက်ဦး”

တစ်စုံတစ်ယောက်က ထိုသို့အော်ပြောလိုက်သည်နှင့် အားလုံး၏မျက်လုံးများသည် မီးတောက်ဆီသို့ ဦးတည်သွားကြသည်။

“ဒါ-ဒါက…”

ထိုအသံမှာ အံ့ဩမှုနှင့်သိချင်စိတ်များရောယှက်နေသည်။

“ဆာစီးနီယာ…”

ပေါက်ကွဲမှုဖြစ်သည့်နေရာနှင့် အနီးအနားတွင် ရှိနေခဲ့သောကြောင့် ဘန်၏ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်များရနေသည်။ သူ၏အရေပြားမှာ သွေးများစီးကျနေသည်။ သို့သော် ဘန်သည် ထိုအရာကိုစိတ်ပူရန်အချိန်မရှိဖြစ်နေသည်။ မီးတောက်များပျောက်ကွယ်သွားသည့်နေရာတွင် တစ်စုံတစ်ယောက်သည် မတ်တပ်ရပ်လျက်ရှိနေသောကြောင့်ပင် ဖြစ်သည်။

မီးတောက်ကြီး၏ သနားညှာတာမှုကင်းမဲ့စွာဖြင့် ဝါးမြိုခြင်းခံလိုက်ရသည့် အမျိုးသမီးသည် ယခုတွင် အကောင်းအတိုင်း မတ်တပ်ရပ်လျက်ပင်။ ထိုအမျိုးသမီးမှာ ဆာစီးနီယာပင်ဖြစ်သည်။ သူသည် ထိုနေရာတွက် ဒဏ်ရာတစ်ချက်မျှပင်မရဘဲ မတ်တပ်ရပ်နေသည်။ သူ၏ခြုံထည်နှင့် ဂါဝန်စမှာတော့ နည်းနည်းငယ်မီးလောင်ထားသည်။ ထိုအရာများထက် မီးတောက်ကြီး၏ဝါးမြိုခြင်းမခံရခင်က  ကြည့်ခဲ့‌သည့် အကြည့်များအတိုင်း ကြည့်နေခဲ့သည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now