အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

810 45 0
                                    

Chapter 12

ထူထပ်သောမီးခိုးငွေ့များနှင့် အမွှေးအကြိုင်အနံ့များသည် အိမ်လေးထဲတွင် ပြည့်နှက်လျက်ရှိနေသည်။ ထိုအနံ့သည် ဂျုံမှုန့်အနံ့လည်း မဟုတ္သလို ပွက်ပွက်ဆူနေသော စွပ်ပြုတ်အနံ့လည်း မဟုတ်ပေ။ သွားရည်ကျအောင် နှိုးဆွနေသော အနံ့သည် အသားဓာတ်အပြည့်ပါဝင်သောအနံ့ဖြစ်သည်။ ကြက်သွေးရောင် အသားတုံးသည် ဒယ်အိုးပေါ်တွင် ကင်ထားပြီးဖြစ်၏။ အဝါညိုရောင်ပြောင်းသွားသော အသား၏ပုံစံသည် သွားရည်ယိုစေသည်အထိ အရသာရှိမည့်ပုံပေါ်သည်။

ပြီးတော့မယ်.. ခဏပဲစောင့်နော်

အကျ်ီလက်ကို ဆွဲတင်ပြီး သည်းကြီးမဲကြီး အသားကင်နေသော ဘန်သည် အသားပေါ်မှာ ဆမ်းထားတဲ့ ဆီတွေစင်လို့ ရံဖန်ရံခါ ညည်းတွားမိပေမယ့် အမှားမပါအောင် လုပ်နေလေသည်။ ဆာစီးနီယာက သူမဘာသာလုပ်ဖို့ပြင်ထားပေမယ့် ဘန္က အတင်းအကျပ် သူကိုယ်တိုင်လုပ်မည်ဟု ပြောခဲ့သည်။ ဒါသည် ဆာစီးနီယာကို စိုးရိမ်ပူပန်စေပြီး သူမသည် နေရာမှ ထရပ်ကြည့်လိုက်သည်။ သူ့ကို ဆီတွေစင်ကုန်မည်ဆိုလျင် အန္တရာယ်ရှိနိုင်ပေသည်။

သူမသည် ဘန္ကို အသားတွေတူးသွားတော့မယ်ဟု တွေးကာ မယုံကြည်နိုင်သောအကြည့်များဖြင့် ကြည့်နေသည်။ သို့သော်လည်း ဘန်သည် ကျွမ်းကျင်စွာနှင့် အသားကို အထက်အောက်လှန်ပြီး စနစ်တကျကင်နေသည့် အနေအထားရောက်နေသည့်အတွက် သူ့ကို စောင့်ကြည့်နေမိတာကိုပင် စိတ်မကောင်းဖြစ်မိလာသည်။ ဆာစီးနီယာသည် စိတ်သက်သာရာရသွားပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။

နေ့လယ်စာအတွက် အသားဝယ်ခဲ့ပေမယ့် နေဝင်နေလေပြီ။ အပြာရောင်ကောင်းကင်ကြီးသည် အနီရောင် ဖုံးလွှမ်းသွားခဲ့ပြီး အစိမ်းရောင်သစ်ရွက်များသည် အရောင်မှိန်သွားခဲ့သည်။ ဆာစီးနီယာသည် ငြိမ်းချမ်းသောရှုခင်းကိုကြည့်ရင်း အတွေးနယ်ထဲ ခေတ္တ ကျွံဝင်သွားခဲ့သည်။

ဘာသောက်ကြောင်းတွေကြောင့် သူမက ဒီလိုဖြစ်ခဲ့ရတာလဲ။ ဘာလို့ ဒေါသကြီးသွားရတာလဲ။ သူမသည် ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now