အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

267 18 0
                                    

I raised him.126

ဆာစီးနီယာ သည် ဖလီယာ အနားမှ ထွက်သွားပြီး ပြုံးလိုက်သည်။သေသွားကြသူများသည် မကောင်းမှုလုပ်ထားပါက ငရဲတွင် အထပ်ထပ် နင်းချေခံရမည်ဖြစ်ကာ လွတ်မြောက်ဖို့လည်း မလွယ်လှချေ။ ထို့ကြောင့် တစ်သက်လုံး နာကျင်မှုတွေ ရပါစေဟုသာ ဆုတောင်းရမည်ဖြစ်သည်။

ဆာစီးနီယာ သည် ဖလီယာ အတွက် ကရုဏာ မသက်တော့ပေ။ကိုယ်စိုက်ထားသော မျိုးစေ့ကို ကိုယ်တိုင် ရိတ်သိမ်းရပေမည်။ ထိုသို့ မဟုတ်ပါကတခြားလူများမှာ တရားမျှတမှု မရှိဟု ခံစားရလိမ့်မည်။

နောက်ပိုင်းတွင် သူရဲကောင်းများသည် ဘန် လက်ထဲမှ ဖလီယာ ကို ဆွဲထုတ်ကာ  သူမ တစ်ကိုယ်လုံးကို ဖမ်းချုပ်လိုက်တာကြောင့်  မလှုပ်နိုင်တော့ပေ။

“အား…စုန်းမစုတ်”

နတ်ဆိုးစွဲနေသည့် မျက်နှာနှင့် ဖလီယာက အဆုံးထိ ဒေါသတကြီး ထွက်သွားလေသည်။

လိုင်မာဖီးရပ်စ် သည် အခြေအနေကို အမြန်ဖြေရှင်းလိုက်ပြီး ကိုင်လို့စ် နှင့် ဖလီယာ တို့ကို ရာဇ၀တ်ကောင်များအဖြစ် သူရဲကောင်းများအား ခေါ်သွားခိုင်းလိုက်၏။

"အဆင်ပြေရဲ့လား"

ဘန် သည် ဆာစီးနီယာ ကို သေချာကြည့်ရင်း မေးလိုက်သည်။ ဒဏ်ရာသေးသေးလေးတောင် သူမကို မရစေချင်တာကြောင့် သူ့မျက်လုံးထဲမှာ စိုးရိမ်မှုများစွာ ထင်ဟပ်နေရတော့သည်။

"ပြေပါတယ်"

ဆာစီးနီယာ က လုံးဝ ပြဿနာမရှိသလို ပုံနှင့် ပခုံးတွန့်လိုက်သည်။ ဖလီယာ သူမဆီ ရောက်မလာမီ ဘန် က အရင်ဦးစွာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ လင်းယုန်ငှက်သည် သားကောင်ကို သုတ်ယူလိုက်သကဲ့သို့ အလွန်လျင်မြန်လှ၏။ ဘန် သာ ဖလီယာကို မတားလျှင် ဆာစီးနီယာ လည်း သူမ၏  စွမ်းအားကို သုံးမည်ဖြစ်သည်။

နှစ်ယောက်သား အပြစ်သားများ၏ နောက်ကျောကို ကြည့်လိုက်သည်။

"အားလုံး အဆင်ပြေရဲ့လား…မစ္စ ဆာစီးနီယာ"

ရုန်းရင်းဆန်ခတ် ဖြစ်ပြီးသောအခါ မှူးမတ်များသည် ဆာစီးနီယာ နှင့် ဘန် တို့အနားသို့ တိတ်တဆိတ် ချဉ်းကပ်လာကြသည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now