အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

380 24 0
                                    

Chapter 60

ဘန်မှာ မြို့တော်နှင့် အတန်ငယ်ဝေးသော သူ၏ မြို့စားမင်း ပိုင်နက်နယ်မြေများကို စစ်ဆေးနေသည်။   ယခုဆောင်းဦးတွင် ဆန်စပါးပေါများခဲ့သဖြင့်  ကုန်လှောင်ရုံတို့မှာ တစ်နှစ်တာလုံး လုံလောက်နိုင်သည့် စားနပ်ရိက္ခာတို့ဖြင့် ပြည့်နေသည်။

"ကောက်ရိတ်ပွဲတောင် လုပ်တော့မှာပဲ"

"ဘယ်တော့လဲ?"

"နောက်လေးရက်နေရင်လို့ ပြောတာပဲ"

ကောက်ရိတ်ပွဲသည် ရွာသူရွာသားတို့ ယခုနှစ်ဆန်စပါးအတွက် ပျော်ရွှင်ကြပြီး နောက်လာမည့်နှစ်အတွက် ကောင်းမွန်စွာရရှိစေရန် ဆုတောင်းပျော်ရွှင်ဆင်နွှဲကြရာ အခမ်းအနားနှင့်ပျော်ပွဲရွှင်ပွဲပင်ဖြစ်သည်။ မြို့တော်တွင် ကျင်းပသော ခပ်သေးသေးကောက်ရိတ်ပွဲလိုမဟုတ်၊ ကျေးရွာ နယ်ပယ်များတွင် ပြုလုပ်သည်မှာ ပွဲတော်အကြီးစားပင်ဖြစ်သည်။

"သူတို့ ကောက်ရိတ်ပွဲအတွက် တစ်ခုခုလိုမယ်ဆိုရင် သူတို့လိုသမျှ ထောက်ပံ့ပေးမယ် ပြောလိုက်ပါ"

"နားလည်ပါတယ် ဆရာ"

အားချန်သည် ရွာသူကြီးနှင့်စကားပြောရန် ထွက်သွားခဲ့သည်။

တစ်ဦးတည်းကျန်ခဲ့သော ဘန်မှာမူ နယ်မြေများကိုပတ်ကြည့်သောအခါ ရွာသားများ ကြောက်လန့် မသက်မသာဖြစ်ကြရသဖြင့် ပြန်လှည့်ထွက်လာခဲ့လိုက်သည်။

ဘန်မှာ တောလမ်းအတိုင်း ခြေဦးတည့်ရာ လျှောက်လှမ်းရင်း သစ်ရွက်ကြွေများကို နင်းချေမိသည်။ သူဘေးနားရှိ ကျောက်တုံးပေါ်တွင် ထိုင်ချလိုက်သောအခါ စမ်းချောင်း ခပ်တိမ်တိမ်လေးကို တွေ့လိုက်ရသည်။ သူက ယူနီဖောင်းဝတ်ရသည်မှာ သက်တောင့်သက်သာ မရှိသဖြင့် လက်နှင့် လည်ပင်းကြယ်သီးကိုဖြုတ်လိုက်ရင်း တိတ်ဆိတ်စွာ အခုလက်ရှိ အခြေအနေအကြောင်း စဉ်းစားနေမိသည်။

အလုပ်နှင့် စစ်ဆေးခြင်းများဖြင့် သူလည်း ပင်ပန်းနေသည်။ ပင်ပန်းနေသည့် မျက်လုံးများကို ဖိရင်း တောင့်တင်းနေသော ပုခုံးများကို ပုတ်လိုက်မိသည်။ မျက်နှာမှာလည်း ပိုသွယ်ကျသွားကာ နဂိုကတည်းက ထင်ရှားသောမေးရိုးမှာ ပိုမို ထင်းလာသည်။ အခုစဉ်းစားကြည့်မိကာမှ အလုပ်များတောက်လျှောက်လုပ်နေရသဖြင့် နောက်ဆုံး အစာကောင်းကောင်း စားခဲ့သည့်အချိန်ကိုပင် မမှတ်မိတော့။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Où les histoires vivent. Découvrez maintenant