I raised him.73
'ဘာလို့ ငါက ပုန်းနေရမှာလဲ'
ဆာစီးနီယာ သည် ထိုနှစ်ယောက်ကို ပုန်းမနေသင့်သလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူတို့ နှစ်ယောက်သား ဧည့်ခန်းထဲသို့ ဝင်သွားကြသည်။ သူတို့နောက်မှ လိုက်လာသည့် အစခံကလည်း ချက်ချင်းပင် လာရာလမ်းကို ပြန်လှည့်သွားသည်။
'သူတို့ နှစ်ယောက်တည်းလား'
ဆာစီးနီယာ မျက်ခုံး လှုပ်သွားရပြီး တိုင်နောက်ကွယ်မှ ချောင်း၍ အခြေအနေကို ကြည့်နေသည်။
'သူတို့ ဧည့်ခန်းထဲကို နှစ်ယောက်တည်း သွားတာက ဘာလုပ်ကြမှာလဲ'
အကြောင်းတစ်ခုခုကြောင့် ဆာစီးနီယာ စိတ်ဆိုးသွားကာ ဧည့်ခန်းအနား သွားလိုက်သည်။
'အင်း…သိချင်လိုက်တာ'
သို့သော်လည်း ရင်မဆိုင်ရဲသဖြင့် ပြန်လာခဲ့ပြန်သည်။ထို့အပြင် ဧည့်ခန်းရှေ့နားတွင် ခိုးနားထောင်ရန် သို့မဟုတ် သေချာမြင်ရအောင်ပင် ချောင်းမကြည့်ရဲသောကြောင့် အနည်းငယ်ဝေးသော တိုင်တစ်ခုကို ကွယ်ထားလိုက်သည်။
တစ်လောက အေရိုးနီယားအကြောင်းကို သင်းအုပ်ဆရာဆီမှ သိထားသောကြောင့် သူမ ရွံရှာစိတ်တို့ ဖြစ်လာရသည်။
“သူမက မြို့စားမင်းနဲ့ စေ့စပ်မာ့် သူလည်း ဖြစ်နိုင်တယ်"
ထို့အတွက်သာ သူမ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမဟုတ်ပေ။
အေရိုးနီးယား ကို ပထမဆုံးအကြိမ်တွေ့သောအခါက အေရိုးနီးယား သည် သူမအား တမင်တကာ အော်ဟစ်ပြောဆိုခဲ့သည်။ ယခုမူ သူမ သည် တစ်စုံတစ်ယောက်ကို ဘယ်သောအခါမှ မအော်ငေါက်ဖူးသလို နူးညံ့သိမ်မွေ့သော မျက်နှာထားဖြင့် ဘန် ၏ရှေ့တွင် ရယ်မောနေသည်။ ဆာစီးနီယာ သည် သူမ၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားရသည်။
'အဲ့ဒီမိန်းမက မျက်နှာနှစ်ခုရှိတာကို ဘန် မသိဘူးပဲ'
မကျေနပ်မှုဖြင့် ငြီးတွားနေသော ဆာစီးနီယာ ၏ မျက်နှာသည် ချက်ချင်းပင် တင်းမာသွားသည်။ သူမသည် ဒေါသစိတ်ကို ကလေး တစ်ယောက်လို မဖုံးနိုင်မဖိနိုင် ဖြစ်နေလေသည်။
YOU ARE READING
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
General Fictionအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...