Chapter 19
ငြိမ်သက်စွာ စီးဆင်းနေသော မြစ်ရေသံမှာ သူတို့နားထဲတိုးဝင်နေပြီး ငါးနံ့ကလည်း နံနေသည်။
တိမ်တွေဖုံးလွှမ်းနေသည့် လမင်းကြီးကို တစိုးတစိမွ မမြင်ရပေ။
*ရှပ် ရှပ်*
ဘန်၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြိုးဖြင့် တုပ်ထားသဖြင့် မောပန်းနေရပြီး ခြေလှမ်းလည်း မလှမ်းနိုင်တော့ပေ။
ဆာစီးနီယာ ကို စိတ်ပူသော်လည်း သူ ဘာမွ မလုပ်နိုင်တော့သဖြင့် ရင်နာရလေသည်။
"ဟေ့ လမ်း မြန်မြန်လျှောက်"
နောက်လိုက် တစ်ယောက်က တုန်လှုပ်ခြောက်ခြားနေသော ဘန် ကို ဆောင့်တွန်းရင်း ပြောလိုက်သည်။ ထိုသူက အားပြင်းပြင်းဖြင့် တွန်းလိုက်သဖြင့် တိုင်ဖွန်းမုန်တိုင်းမှ သစ်ပင်များကို ယိမ်းခါသွားစေသလို ဘန့် ကိုယ်လေးလည်း ဆောင့်ခါသွားရသည်။
နောက်လိုက် က ခြေလှမ်းရပ်သွားသော ဘန် ကို မကျေမနပ် တစ်ချက်ကြည့်လိုက်သည်။
ညနက်သန်းခေါင်အချိန်ကြီး ဤကျွန်တစ်ယောက်အတွက် သူတို့ အလုပ်ရှုပ်ရသဖြင့် စိတ်ဆိုးနေခြင်းပင်။သူက သံကြိုးကို ဆောင့်ဆွဲလိုက်ရာ ဘန် ရှေ့သို့ ငိုက္က်သြားရ၏။
"အား"
ဘန် က သွားကျိုးသွားသည် အထင်နှင့် ရှေ့သွားကို လျှာဖြင့်ပွတ်သပ်ကြည့်သော်လည်း ကံကောင်းစွာနှင့် သွားတစ်ချောင်းမှ မကျိုးသေး။
"ကျွတ် မြန်မြန်ထလေ"
အျမဲလိုလို လူတိုင်းက ဘန့်ကို ဤကဲ့သို့ ဆက်ဆံတတ်သဖြင့် သူ့အတွက် အထူးအဆန်းမဟုတ်တော့ပေ။
ဆာစီးနီယာ ကသာ သူ့ကို လူသားတစ်ယောက်လို ပထမဆုံး ဆက်ဆံသူပင်။ သူမသည် နွေးထွေးမှုနှင့် ကြင်နာမှုတို့ကို သိရှိနားလည်စေခဲ့သူဖြစ်သည်။
'ဆာစီးနီယာ ကို လွမ်းလိုက်တာ'
သူချက်ချင်း ဤေနရာမွ ပြေးထွက်ချင်နေပြီး သူမကို သွားတွေ့ချင်မိသည်။ သို့သော် ယခု သူ ကြိုးချည်ခံထားရ၏။
သူ စိတ္ပ်က္စြာ နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိလေသည်။
"ဟိတ်အချိန်ဆွဲမနေနဲ့ထ"
STAI LEGGENDO
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
Narrativa generaleအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...