Chapter 24
ဆာစီးနီယာ သူ့ကို ခဏ စိုက်ကြည့်လိုက်သည်။
ခဏကလေး ကြည့်လိုက်သည်နှင့် ချားလ်စ် ၏နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားရသည်။
"မင်းဘာတွေပြောနေလဲ ဆိုတာ ငါမသိဘူး"
ချားလ်စ် က ခါတိုင်းလို မျက်နှာချိုလေးဖြင့်ပြောလိုက်သည်။
'ကံကောင်းသွားတယ် မှတ်'
သူမ ထိုမျက်နှာကို ရိုက်ပစ်လိုက်ချင်သော်လည်း စိတ်ထိန်းထားသည်။ သူ့အမူအရာကို အကဲခတ်ကြည့်သော်လည်း တရားခံပါဟု တပ်အပ်မပြောနိုင်သေးပေ။အကယ်၍ နောက်တစ်ကြိမ်သာ ထပ်ဖြစ်ပါက သူ့ကို လွှတ်ပေးမည်မဟုတ်ပေ။
"သတိထားနေ…နောက်တစ်ခါ လက်ပူး လက်ကြပ်မိရင် သက်ညှာပေးမှာမဟုတ်ဘူး"
ဆာစီးနီယာ သည် ချားလ်စ် ကို မထီမဲ့မြင် အကြည့်များဖြင့် စိုက်ကြည့်ကာ ဆက်လျှောက်သွားလေသည်။
"ဒီကောင်မကွာ… တကယ်ပဲ"
သူ အရှက်ကွဲသွားရသဖြင့် မခံမရပ်နိုင်ဖြစ်ပြီး ဆာစီးနီယာကို စိတ်တိုသွားရသည်။ ဤရွာမှာ ဘယ်သူမှ သူ့ကို မော်မကြည့်ရဲကြပေ။အကြောင်းမှာ သူက ရွာသူကြီး၏ သားဖြစ်တာကြောင့်ပင်။
သို့သော် ဆာစီးနီယာသည် အကြောက်အလန့်ရှိသူမဟုတ်၊ သူမတွင် ဆုံးရှုံးစရာတို့ မရှိသလိုပင် သူ့ကို မထီမဲ့မြင်ပြုတတ်သည်။
သူမကို သဘောကျသဖြင့် ပျော်အောင်ထားပါ့မည်ဟုလည်း သူ ပြောခဲ့ဖူးသည်။ သို့သော် သူမ၏ မထီမဲ့မြင်ပြုသော အမူအရာနှင့် စိတ်အနှောက်အယှက်ဖြစ်စေသော အကြည့်တို့ကြောင့် ချားလ်စ် ဒေါသစိတ်တို့ ရုန်းကြွလာရသည်။
'ငါ မင်းကို သဘောကျတယ်လို့ ပြောထာရဲ့သားနဲ့ မင်းဒီလို ငါ့ကို ဆက်ဆံရဲတယ်'
ချားလ်စ် သည် အံကိုတင်းတင်း ကြိတ်လိုက်ပြီး ဆာစီးနီယာ ၏ဆံပင်ကို လှမ်းဆွဲလိုက်သည်။
ဆာစီးနီယာ သည် ချားလ်စ်၏ လက် သူမခေါင်းပေါ် မရောက်ခင် စိတ်ကအလိုလိုသိနေသဖြင့် နောက်ကို လှည့်ကြည့်လိုက်သည်။
STAI LEGGENDO
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
Narrativa generaleအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...