အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

263 15 0
                                    

I raised him.121

ဆာစီးနီယာ နှင့် ဘန် တို့သည် ဧကရာဇ် နန်းတော်မှထွက်လာပြီး အိမ်ပြန်လာကာ ဧည့်ခန်းတွင်စောင့်နေသော လိုင်မာဖီးရပ်စ် နှင့်အတူ ဝိုင်းထိုင်လိုက်ကြသည်။

"ဒါအမှန်ပဲလား"

ဘန် က မီးလောင်သည့်ကိစ္စနှင့် ပတ်သက်သည့် အဖြစ်အပျက်တွေအားလုံးကို ပြောပြလိုက်၏။

“ဟုတ်ပါတယ်...ရီနာ စံအိမ်ထဲကို ရောက်လာကတည်းက စီစဉ်ခဲ့တာ ထင်တယ်"

ရီနာသည် ရထားလုံး မတော်တဆမှုမှစ၍ ဆာစီးနီယာ နှင့် ပုံစံတူ ဆံပင်တုကို ၀တ်ဆင်၍ ကြိုးပမ်းမှုအထိ အားလုံး၏ တရားခံဖြစ်တော့သည်။

ရီနာ သည် မြို့စားမင်းပိုင်နက်သို့ရောက်လာပြီးကတည်းက ဆာစီးနီယာ အား စောင့်ကြည့်ရန် တစ်ယောက်ယောက်က အမိန့်ပေးထားခြင်း ဖြစ်သည်။

“ကိုယ်…”

ဘန် သည် စိတ်ရှုပ်လာသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးနားက ဆာစီးနီယာ ကို စောင့်ကြည့်ဖို့ လူတစ်ယောက်လောက် လိုအပ်သည်ဟု ထင်မိတာကြောင့် ရီနာကို သူ ခေါ်လာခဲ့မိခြင်းဖြစ်သည်။ထို့ကြောင့် ရီနာကို ခေါ်လာသူမှာ သူကိုယ်တိုင်ကလွဲ၍ တခြားသူ မဟုတ်တော့ပေ။

"ဘန်...ရှင်ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ သိတယ်…ဒါပေမယ့် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့…ရှင့်အမှား မဟုတ်ပါဘူး… ရီနာ ရဲ့အမှားပါ”

ဆာစီးနီယာ က ဘန်၏ မျက်နှာထားကို အကဲခတ်ပြီး  ပြောလိုက်သည်။ထိုစကားကို ပြောဖို့ တွန့်ဆုတ်နေမိ သော်လည်း နှုတ်ဆိတ်နေလို့လည်း မဖြစ်တာကြောင့် ပြောကိုပြောရပေမည်။

"ရှင် ရီနာ မဟုတ်ဘဲ တခြားတစ်ယောက်ကို ခေါ်လာရင်တောင် သူတို့က လာဘ်ထိုးပြီး သူ့တို့လူဖြစ်အောင် လုပ်မှာပဲ"

ဆာစီးနီယာ ပြောတာ မှန်သော်လည်း ဘန်သည် သူ့အပြစ်ကို ခွင့်မလွှတ်နိုင် ဖြစ်နေသေးသည်။ သူမကို ဒုက္ခဖြစ်စေသော အကြောင်းရင်းကို ဖန်တီးခဲ့သူမှာ သူကိုယ်တိုင် ဖြစ်နေသည်။ သူ့မျက်လုံးများက နာကျင်စွာ မှုန်ကုပ်သွားသည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now