I raised him.66
အိမ်ရှေ့မင်းသား လိုင်မာဖီးရပ်စ် သည် သူ့အလုပ်ပြီးသည်နှင့် မြို့စားမင်းပိုင်နက်သို့ သွားရန်ပြင်လိုက်သည်။ စာရွက်စာတန်းများကို ကိုင်တွယ်ဖြေရှင်းဖို့ သူ နှစ်ပတ်ခန့် အချိန်ယူခဲ့ရသည်။
"အားလုံးက မင်းကြောင့်ပဲ"
လိုင်မာဖီးရပ်စ် က လက်ထောက် အဲရစ်ကို စိုက်ကြည့်နေသည်။
"ဟုတ်ကဲ့ တောင်းပန်ပါတယ်ခင်ဗျာ"
အဲရစ်ကို ကိစ္စအားလုံး စောင့်ကြည့်ခိုင်းထားပြီးနောက် သူလည်း မြို့စားမင်းပိုင်နက် ကို ထွက်လာခဲ့တော့သည်။
သူတို့ စပါးရိတ်သိမ်းပွဲသို့ သွားကြသည် ဆိုသော သတင်းသည် သူ့ကို ကြိုဆိုလိုက်လေသည်။
လုံးဝ အဓိပ္ပါယ်မရှိတာပဲ…
"ဒီနေ့ပဲ ငါက အားတာ… ဒါပေမယ့် ဒီနေ့မှ ရွေးပြီး သူတို့က ဘာလို့ သွားရတာလဲ”
"ကျွန်တော် သွားလည်ပြီးတာနဲ့ အဲဒီကိုထပ်သွားကြည့်လိုက်တော့ သိပ်လည်း မဆိုးပါဘူး… ဒါပေမယ့် ဒီနေ့မှ ရွေးပြီး ဘာလို့အဲဒီကိုသွားရတာပါလိမ့်"
ယနေ့သည် မြို့တော်ကို စစ်ဆေးရမည့်နေ့ဖြစ်ပြီး ဘန် နှင့် ဆာစီးနီယာတို့ စပါးရိတ်သိမ်းပွဲသို့ သွားသည့်အချိန်နှင့် တိုက်နေတော့သည်။ လိုင်မာဖီးရပ်စ် က မြင်းပေါ်တက်လိုက်သည်။ အမြဲသပ်ရပ်နေတတ်သော သူ့ ရွှေရောင်ဆံပင်ကေမှာ ထူးဆန်းစွာ ပွယောင်းလျက်ရှိသည်။
ကံကောင်းစွာပင်၊ မြို့တော်ကို စစ်ဆေးရမည် ဖြစ်သောကြောင့် ဘန် နှင့် ဆာစီးနီယာ တို့ကို တွေ့ဆုံရန် ပိုလွယ်သွားရသည်။
သူ မြင်းပေါ် အမြန်တက်ကာ အသော့နှင်လိုက်တော့သည်။
"ငါ ဖာဘီယမ်းလမ်းကို သွားမယ်"
"ဧကရာဇ် နန်းတော်ကို မသွားဘူးလားဗျ"
"အခု ထွက်တောင် ထွက်လာပြီးနေပြီ……ဝေးနေပြီဆိုတော့ ပြန်မနေတော့ပါဘူးလေ"
သူပုံစံမှာ ပေါ့ပေါ့ပါးပါး အဝတ်အစားနှင့် ဦးထုပ်ဆောင်းထား၍ လျှို့ဝှက်ခရီးလိုမျိုး ဖြစ်နေရသည့်အတွက် စိတ်ထဲပျော်သွားရသေးသည်။
YOU ARE READING
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
General Fictionအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...