Chapter 39
လိုင်မာဖီးရပ်စ် သည် ဘန်၏ သဘောထားကြောင့် အလွန်ပင် အံ့သြသွားရသည်။
"ဘာကိုမှစိတ်မဝင်စားသလို နေတတ်တဲ့သူက ဒီလောက်တောင် ပြောင်းလဲသွားပါလား..'
ဘန် ၏အကြည့်များသည် ရက်စက်လွန်းသဖြင့် လိုင်မာဖီးရပ်စ် တစ်ယောက် ကျောထဲကပါ စိမ့်လာရသည်။
လိုင်မာဖီးရပ်စ် သည် တတ်နိုင်သမျှ မအံ့ဩဟန်ဆောင်လိုက်ကာ တံတွေးတစ်ချက် မျိုချလိုက်သည်။
'ဒါက နိုင်ငံတော်ပုန်ကန်မှုဆိုတာ သူ သိရောသိရဲ့လား'
သူသိရင်တောင် ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးဟု လိုင်မာဖီးရပ်စ် ထင်မိသည်။
'ဒီမိန်းကလေးကြောင့် မျက်ကန်းတစ်ယောက်လို ဖြစ်သွားပါပေါ့လား'
ထို့နောက် လိုင်မာဖီးရပ်စ် သည် လျှို့ဝှက်ဆန်းကြယ်သော ဤမိန်းကလေးကို ပို၍ပင် သိချင်လာမိသည်။
“ကောင်းပြီ…ကောင်းပြီ”
နောက်ဆုံး လိုင်မာဖီးရပ်စ် လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။ထို့အပြင် သူမကို တစ်နေ့ သေချာပေါက် တွေ့ရမည် ဖြစ်သောကြောင့် စိတ်အေးအောင် ပြောထားလိုက်၏။
"ငါ နားလည်ပါတယ်…ဒီနေ့ပဲ ဖြေရှင်းပေးပါ့မယ်"
ဘန် ချက်ချင်း ငြိမ်သက်သွားရသည်။
'အမလေးနော်…'
အိမ်ရှေ့မင်းသားမှာ ပြုံးသာ ပြုံးနေရတော့သည်။ယနေ့ မြင်လိုက်ရသော ဘန်၏ သတ္တိမှာ ပေါ့သေးသေးမဟုတ်ပေ။မနက် အစောကြီးလာပြီး ဤကိစ္စကို အတင်းတောင်းဆိုသွားသဖြင့် သူ မိုးလင်းတာနှင့် ဧကရာဇ်မင်းကို တွေ့ပြီး ပြောရတော့မည် ဖြစ်သည်။ တစ်နေ့လုံး အလုပ်များတော့မည်ဖြစ်၍ လိုင်မာဖီးရပ်စ် ခေါင်းပါကိုက်လာရတော့သည်။စိတ်ပျက်လက်ပျက် ဖြစ်သွားရသော အိမ်ရှေ့စံမင်းသားသည် နဖူးပေါ်ကျနေသော ရွှေရောင်ဆံပင်များကို နောက်လှန်တင်လိုက်သည်။
"ကျွန်တော် သွားလိုက်ပါဦးမယ်"
ဘန် က အိမ်ရှေ့မင်းသားနှင့် အချိန်မဖြုန်းချင်တော့၍ ထွက်သွားသည်။
ŞİMDİ OKUDUĞUN
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
Genel Kurguအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...