I raised him.75
"ဒါဆို ကျွန်မ ဒီလမ်းကို သွားမယ်နော်"
ဗားန် သည် လမ်းဆုံတွင် ခွဲထွက်သွားပြီး ဆာစီးနီယာ နှင့် မေတို့သာ စင်္ကြံလမ်းအတိုင်း ဆက်လျှောက်သွားကြသည်။ မနေ့ကလို မဟုတ်ဘဲ တစ်ယောက်တစ်နေရာဆီ ခွဲရှာဖို့ ဆုံးဖြတ်လိုက်ကြသည်။
"အစ်မ အဆင်ပြေရဲ့လား"
သူတို့ နှစ်ယောက်ပဲ ကျန်ခါမှ မေက သေသေချာချာ မေးလိုက်သည်။ ဆာစီးနီယာ သည် မနေ့ကတည်းက မျက်နှာမကောင်းသဖြင့် သူမစိုးရိမ်ပးနေမိသည်။
"ငါ အဆင်ပြေပါတယ်"
ဆာစီးနီယာသည် တစ်ညလုံး အတွေးလွန်နေခဲ့သည်။ ယခု ဘန် နှင့် ပတ်သက်သော သွယ်ဝိုက် ခံစားချက်ကို သူမကိုယ်တိုင် ဝန်ခံလိုက်ဖို့အတွက် အားမွေးနေသည်။
“မေ”
"ဟင်"
"နင် မနေ့က ငါ့ကိုပြောတယ်လေ… ဘန် ကို ငါ ကြိုက်တယ်ဆိုတာ"
"အာ…အစ်မကလည်း စိတ်ထဲမထားပါနဲ့… ညီမ အဲ့ဒီလို ပြောတာမဟုတ်ပါဘူး"
ဆာစီးနီယာ စိတ်ထဲမှာ စွဲလန်းသွားပြီး စိတ်အနှောင့်အယှက် ဖြစ်သွားမှာစိုးသဖြင့် မေက အမြန်ငြင်းလိုက်သည်။
"မဟုတ်ဘူး…နင် ပြောတာမှန်တယ်"
သူမ၏ နီညိုရောင် မျက်လုံးများသည် ဘာခံစားချက်မှမရှိဘဲ ဗလာဖြစ်နေသည်။
"ငါသူ့ကို ချစ်တယ်"
ဆာစီးနီယာ က ပြောလိုက်သည်။ မနေ့ညက ဘန် သည် သူမ အခန်းတံခါးရှေ့မှာ အကြာကြီးရပ်ပြီးမှ ပြန်သွားသည်။ သူ့ခံစားချက်တွေ မပြောင်းလဲဘူးဆိုသည်ကို သူမအား သိစေချင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော် သူမကို အိပ်ရာမနှိုးဘဲ တိတ်တိတ်လေး ပြန်သွားခဲ့သည်။
ဘန် ပြန်သွားပြီးနောက် ဆာစီးနီယာ သည် စင်္ကြံတွင်သာ အချိန်အတော်ကြာ ထိုင်နေပြီး အဆက်မပြတ် တွေးတောနေခဲ့သည်။
"ထင်သားပဲ…ညီမ သိနေတယ်…ဒါဆို အစ်မတို့နှစ်ယောက် တရားဝင်ချစ်သူဖြစ်နေပြီလား…တစ်ယောက်နဲ့တစ်ယောက် သဘောကျတယ်ဆိုတော့"
ESTÁS LEYENDO
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
Ficción Generalအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...