အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

561 41 0
                                    

Chapter - 41

ဆာစီးနီယာ၏အသံသည် ပုံမှန်နှင့်မတူ ကွဲပြားနေသည်။ မူလ ဖြူစင် ကျော့ရှင်းသော အသံမဟုတ်ဘဲ အေးစက်မာကျောသော သနားညှာတာမှုကင်းသည့်အသံပင်။

"ဟူး"

သူတို့အားလုံး ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်နေကြသည်။ အသက်ရှူရခက်ခဲလာသဖြင့် အကုန်လုံးမွန်းကြပ်စွာ နှလုံးခုန်သံများပြင်းထန်ပြီး ရင်ထဲဆို့နေကြသည်။ အသက်ဆုံးရှုံးရမှာကြောက်နေကြသောကြောင့် တုန်လှုပ်နေကြရုံသာမက ဇောချွေးများမှာလည်းနဖူးထက်မှ စီးကျနေကြသည်။

ဆာစီးနီယာက ရှေ့သို့ထွက်လိုက်သည်။ သူမ၏ခန္ဓာကိုယ်ကို အချိန်မရွေးပေါက်ကွဲနိုင်မည်ထင်ရသော မီးလျှံများက လေပွေသဖွယ် ပတ်ပတ်လည်ကို အဆက်မပြတ် ကာရံထားပြီး အက်ကွဲသံနှင့်အတူ ‌မီးတောက်မီးပွား အသေးစားလေးများ များစွာ ကွဲထွက် တောက်ပနေသည်။

*ရှပ် ရှပ်*

သူမ၏ ပုံရိပ်ကို မြင်ရသည်မှာ သေမင်းတမန် မီးလျှံလှိုင်းလုံးကြီးပမာပင်။

"ကျေး ကျေး... ကျေးဇူးပြုပြီး ကယ်ပါအုံးဗျာ"

"ကျွန်တော့်ကို ကယ်ပါဗျာ ကျေးဇူးပြုပြီး"

ထွက်လည်းမပြေးနိုင် ရှောင်လည်း မရှောင်တိမ်းနိုင်သော ရွာသားများမှာ အခြားရွေးစရာမရှိ။ သူတို့၏အသက်ကို ကယ်ပေးရန် ငိုယိုတောင်းပန် နေကြရသည်။ ဆာစီးနီယာ၏ ရှေ့မှောက်တွင်တော့ သူတို့မှာ လေတိုက်လျှင် လွင့်ပါသွားမည့် မြူဖုံမျှသာ အရေးမပါလှချေ။

ဆာစီးနီယာမှာ ယခုအခါရယ်မောနေသည်။ ခန္ဓာကိုယ်ကို မီးလျှံလေပွေကြီး ဖုံးအုပ်နေပြီး မျက်နှာမှ သွေးများ တစက်စက်စီးကျနေသော သူမကို မြင်နေရသည်မှာ ချောက်ချားစရာပင်ဖြစ်နေသည်။ ခေါင်းကိုမော့ထားပြီး သူတို့ကို အထက်စီးမှကြည့်နေသည့် သူမ၏ပုံစံမှာ  မည်သူတစ်ဦးတစ်ယောက်ရှေ့မှောက်တွင်မှ ဦးညွတ်အညံ့ခံခဲ့သည့်ပုံစံမရှိ။

"ပြန်ပြောစမ်း"

ဆာစီးနီယာ၏ ခေါင်းကိုစောင်းပြီး စိုက်ကြည့်လိုက်သည့် စူးစူးရဲရဲ အကြည့်များအောက်တွင် အကုန်လုံးတုန်ယင်စွာ ပိုမိုပြီး ပြားပြားဝပ် ဦးညွတ်နေကြသည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Tempat cerita menjadi hidup. Temukan sekarang