Chapter 14
စရံဆိုသည့်အသံကြားသည်နှင့် ဆာစီးနီယာ၏ ပုခုံးသည် တွန့်သွားခဲ့သည်။ လောင်းကစားဘုရင်မွန်တင်းသည် သူ့ရဲ့ စွန်မျက်စိနှင့် အငိုက်မိသွားခဲ့ပြီး သူမဘေးမှာရပ်နေသော အပေါင်ပစ္စည်းအား စူးရှသောမျက်ဝန်းဖြင့် ကြည့်လိုက်သည်။
စဉ်းစားကြည့်ရင် ဒီကျွန်က ဒီမှာနေတုန်းကထက်တောင် ပိုဝလာတာပဲ
သူ့ရဲ့ ဒဏ်ရာတွေတောင် ပျောက်သွားပုံထောက် ကြည့်ရတာ သူမသည် စစ်မှန်သော သဘောထားနှင့် အစွမ်းကုန် ပြုစုပေးခဲ့ပုံရသည်။ သူ့ရဲ့ စုတ်ဖွားဆံပင်သည် တိုကပ္ကာ သပ်ရပ်နေပြီး ဝိတ်လည်း တက်လာသည်။ ပုံစံသည်လည်း ပို၍ကြည့်ကောင်းလာသည်။ သူသည် သေးသွယ်ကျစ်လျစ်သော်လည်း မမြင်ရတဲ့ရက်အတွင်းမှာ ထွားလာလေသည်။
ဒီမိန်းကလေးက အဲ့ကောင်ကို သံယောဇဉ်ရှိသွားပြီများလား လောင်းကစားဘုရင်မွန်တင်းက ဆာစီးနီယာကို မျက်စိမှေးမှေးဖြင့် အနီးကပ်ကြည့်လိုက်သည်။
ပထမဆုံးမှာတော့ သူမက ပိုက်ဆံပြန်ယူဖို့ လာခဲ့ပေမယ့် လောင်းကစားဘုရင်မွန်တင်းက ဘန္ကို စရံလို့ ပြောပြီးသည့်နောက် သူမသည် စိတ်တည်ငြိမ်သွားရသည်။ သူမ ဘန္ကို တကယ်ပဲ ဒီလိုမျိုးလွှတ်ပေးလိုက်နိုင်လား။ သူမ ဘဝတစ်လျှောက်လုံးမှာ နောင်တမရတော့ပါဘူးလို့ ယုံကြည်ချက်ရှိလား။ ဆာစီးနီယာသည် သူမ၏နှုတ်ခမ်းကို ကိုက်ခဲထားသည်။ ကျစ်ကျစ်ဆုပ်ထားသောလက်သီးမှာလည်း တုန်ယင်နေ၏။
ဆာစီးနီယာ ဘန္က သူမကို ချစ်ခင်မြတ်နိုးစွာဖြင့် ခေါ်လိုက်ပြီး သူမရဲ့ လက္သီးဆုပ္ကို ဂရုတစိုက် ကိုင်တွယ်လိုက်သည်။
ဆာစီးနီယာသည် ဘန္ဘက္သို့ ခေါင်းလှည့်သွားသည်။ အဲ့ဒီနေ့က ဘန္ကို ပထမဆုံးစတွေ့ခဲ့စဉ်ကလိုပဲ ဘန္က သူမကို အတောက်ပဆုံးအပြုံးဖြင့်ကြည့်နေသည်။ သူ့ကို စိတ္ပူစရာမလိုပဲ သူအဆင်ပြေပါကြောင်း ပြောပြနေသလိုပင်။ ဘန္ကေတာ့ စိတ်ပျက်နေတာလည်းမဟုတ်သလို မကျေမချမ်းဖြစ်ပြီး အလိုကြီးနေတာလည်း မဟုတ်ပါ။ သူသည် အမြဲတမ်းလုပ်ခဲ့သလိုပဲ ဒီအခြေအနေကို ကျိုးနွံစွာဖြင့် လက်ခံလေသည်။
VOCÊ ESTÁ LENDO
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
Ficção Geralအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...