အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

217 12 0
                                    

I raised him.112

ကြောက်စရာကောင်းသည့် မြင်ကွင်းကြောင့် ဆာစီးနီယာ မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်မိသည်။မူရင်း ဇာတ်လမ်း၊ဇာတ်သွားကို ရပ်တန့်နိုင်မည်ဟု သူမ ထင်ခဲ့သော်လည်း ယခုမူ မူရင်းဇာတ်လမ်းထဲကလိုပင် မီးလောင်ခဲ့လေပြီ။ လုပ်ကြံသူမှာ သူမ,မဟုတ်သော်လည်း သူမနှင့် ဆက်နွယ်နေသေးသည်။

ဆာစီးနီယာ သူ့ကိုယ်သူ အပြစ်တင်မိသည်။ သူမကိုယ်တိုင် ကြိုတင်သတိချပ်ပြီး ရပ်တန့်သင့်သော်လည်း သူမ,သိလိုက်ရသည့်အချိန်မှာ နောက်ကျနေပြီဖြစ်၍ ကိုယ်ကိုယ့်ကိုယ် နာကြည်းသွားမိသည်။

"အန္တရာယ်များတယ်...အဲ့ဒီနားမှာမနေနဲ့"

ထိုအချိန်တွင် အမျိုးသမီးတစ်ဦးသည် ကြောင်စီစီ ရပ်နေသော ဆာစီးနီယာ ၏ လက်ကိုဆွဲလိုက်သည်။

ဘုန်း....

ဆာစီးနီယာ သည် လက်ကို အဆွဲခံရစဉ်၊ မီးလောင်နေသော သစ်ပင်တစ်ပင်သည် သူမ ရပ်နေသည့်နေရာသို့ လဲကျသွားလေသည်။ စက္ကန့်အနည်းငယ်သာ နောက်ကျသွားလျှင် သစ်ပင်ကြီးက သူမ ခန္ဓာကိုယ်ကို ကြေမွသွားစေနိုင်သည်။

"ကိုယ့်ကိုကိုယ် သတိကပ်ထား…မဟုတ်ရင် သေလိမ့်မယ်"

အမျိုးသမီးသည် ဆာစီးနီယာ ၏ ပခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ လှုပ်ယမ်းလိုက်သည်။

"အမြန်ဆုံး လူတွေကို တတ်နိုင်သမျှ ကယ်ထုတ်"

အခြေအနေက ပိုအရေးကြီးလေလေ၊ လူတစ်ဦးချင်းစီ၏ အကူအညီကို ပိုလိုအပ်လာလေ ဖြစ်၏။ အမျိုးသမီးသည် ဆာစီးနီယာကို အကြံဉာဏ်ပေးပြီးနောက် အခြားသူများကို ကယ်တင်ရန် ထွက်သွားတော့သည်။

နားထဲတွင် ကြားနေရသော အမျိုးသမီး၏ အသံကြောင့် ဆာစီးနီယာ သည် ဘေးဘီကို လှည့်ပတ်ကြည့်လိုက်မိသည်။ထို့နောက် သူမ၏  နီညိုရောင်မျက်လုံးများသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။ မကြာခင်မှာပင် လက်ရှိပစ္စုပ္ပန်ကာလကို သဘောပေါက်သွားတော့သည်။

အချင်းချင်း တွန်းထုတ်၊နင်းမိကြပြီး မီးတောက်ကနေ လွတ်မြောက်ဖို့ ပြေးကြ၊လွှားကြသည်။ တစ်ကိုယ်ကောင်းဆန်မှုတွေ ပြည့်နှက်နေသည့် ဖရိုဖရဲလမ်းမများဟာ ငရဲတမျှ ပူလောင်လှသည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now