Chapter 40
ဘန် သည် သူ ထင်ထားသည်ထက် ဆာစီးနီယာ အိမ်ကို မြန်မြန် ရောက်လာသည်။ သူက မြင်းကို အိမ်နောက်ဘက်တွင် ချည်နှောင်ထားကာ အိမ်ရှေ့တံခါးဆီ လျှောက်သွားလိုက်သည်။
ဘန် သည် လမ်းကို မြန်မြန်လျှောက်နေသဖြင့် သူ့ခြေရာများက ရွှံ့မြေပေါ်တွင် အခွက်လိုက်၊အခွက်လိုက် ဖြစ်ကျန်ခဲ့သည်။
သူ အိမ်ထဲဝင်သွားသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်းပါ မူးသွားရသည်။
"ကျွန်မလည်း အစ်မ ဆာစီးနီယာ ဘယ်လိုခံစား နေရတယ်ဆိုတာ သိနေတော့ မတားရက်နိုင်ခဲ့ဘူးရှင်"
မေက ငိုယိုပြီး ပြောပြနေသည်။
ဆာစီးနီယာ အိမ်တွင် မရှိကြောင်း ဘန် သိလိုက်ရသောအခါ သူ၏ စိုးရိမ်စိတ်နှင့် ကြောက်ရွံ့စိတ်တို့သည် ငယ်ထိပ်ထိပါ တက်ဆောင့် လာရတော့သည်။သူ့ခေါင်းကြီးတစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားနေရပြီး သူမတစ်ယောက်တည်း ထွက်သွားတာကိုလည်း မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ ရင်ပြင်တုန်းကလို အဖြစ်အပျက်များ ထပ်ဖြစ်မှာကို စိုးရွံ့ပြီး သူမကို ဆုံးရှုံးရမှာ ကြောက်သည့်အတွက် သူမကို လိုက်ရှာဖို့ အိမ်အပြင်ဘက် ပြေးထွက်လာခဲ့သည်။
* * *
"သူ ထွက်သွားပြီလား"
"ဟုတ်ပါတယ်…ထွက်သွားပါပြီ"
လမ်းသွားလမ်းလာ တစ်ဦးထံမှ ဂျော်ဒန် အကြောင်းကို ဆာစီးနီယာ ကြားလိုက်ရသည်။
ဆာစီးနီယာ သည် စိတ်ပျက်စွာဖြင့် အိမ်ထဲကို လှမ်းကြည့်လိုက်ရာ ခြံဝင်းထဲ၌ ပရိဘောဂ အဟောင်းများ ထုတ်ထားသည်ကို တွေ့လိုက်ရသည်။
'ဘယ်လိုကောင်လဲ...'
သူမ မျက်နှာထား တင်းမာသွားရသည်။
'ဒါဆို ဒီကိစ္စကို ဘယ်သူ ရှင်းပေးမှာလဲချားလ်စ်!…ဟုတ်တယ်…သူနဲ့တွေ့ရမယ်…ဒါတွေ အားလုံး လုပ်ခဲ့တာ သူပဲ'
ဆာစီးနီယာ သည် ယခင်က သူမ မှားယွင်းစွာ အကျဉ်းကျခံခဲ့ရသည့် ထောင်ကို သွားကြည့်ချင်စိတ်တို့ ဖြစ်လာသည်။
KAMU SEDANG MEMBACA
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
Fiksi Umumအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...