အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

234 13 0
                                    

I raised him.115

"ကျေးဇူးတင်ပါတယ်"

ဆာစီးနီယာ သူ့ကို နူးညံ့စွာ ပြုံးပြလိုက်သည်။ ဘန် က သူမကို အမြဲထောက်ခံခဲ့သောကြောင့် သူမ ရှေ့ကို ဆက်လျှောက်နိုင်ခဲ့၏။ သူမ အပေါ်ထားသည့် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုထက် ဘယ်အရာကမှ ပိုတန်ဖိုးမရှိချေ။ ထိုမေတ္တာဓာတ်များသည် သူမအတွက် အကာအရံများ ဖြစ်လာသည်။သူမ ဘယ်လိုပင်ဖြစ်ခဲ့၊ဖြစ်ခဲ့၊သဘာတွေပဲ လုပ်ခဲ့ပါစေ၊ သူမ အနားမှာ ထာဝရ ရှိနေခဲ့သည်။

“လမ်းဘေးကို ရှောင်နေဖို့ရယ်…ပြီးတော့ မီးငြိမ်းဖို့ သူရဲကောင်းတွေကို ပြောပါ”

သူမ စိတ်အားထက်သန်စွာ စကားစလိုက်သည်။ ဘန် ကလည်း သူမ၏ ညွှန်ကြားချက်ကို လိုက်နာပြီး သူရဲကောင်းများဆီ သွားလိုက်သည်။

"ဒီမှာ မဟုတ်ဘူး....အဲ့ဒီဘက်ကနေ အရင်ငြိမ်း"

မီးတောက်များ ပိုမိုပျံ့နှံ့လာသောကြောင့် တပ်ရင်းမှူးက ညွှန်ကြားလိုက်သည်။ စစ်သူကြီးများသည်လည်း ဘန် စကားကို နားထောင်နေရင်း တပ်ရင်းမှူး၏ သီးသန့်ညွှန်ကြားချက်ကြောင့် ရှုပ်ထွေးနေရသည်။

“မြို့စွန်ကနေ စပြီး မီးငြှိမ်းကြ"

ဘန် က တပ်ရင်းမှူးအား ခိုင်းစေလိုက်သည်။

“ဒါပေမယ့် ကျွန်တော်တို့ လမ်းမကြီးကို အရင်ငြှိမ်းလိုက်ရင်း တခြားမီးတောက်တွေကိုလည်း ငြိမ်းလို့ရသွားမှာပါ"

တပ်ရင်းမှူးသည် သူ၏ လုပ်ပိုင်ခွင့်အာဏာကို နိုင့်ထက်စီးနင်း ဝင်ရောက်စွက်ဖက်သော မြို့စားမင်း ကိုမကျေနပ်ပေ။

"ဒါဆို မင်းတို့ အခု မီးငြှိမ်းလို့ နိုင်နေပြီလား"

တုန်လှုပ်ချောက်ချား စရာကောင်းသော ဘန်၏ စကားကြောင့် တပ်ရင်းမှူး မျက်နှာပျက်သွားသည်။ထိုစကားကို ပြန်လည် ချေပရန် အကြောင်းပြချက်များရှိသော်လည်း  မြို့စားမင်း ဖြစ်သူ ဧကရာဇ်၏ တူတော်ကို မထိပါးဝံ့ပေ။

“မင်းရဲ့တပ်တွေကို မြို့ပြင်မှာထား...ငါ တို့က လမ်းမကြီးကို တာဝန်ယူမယ်"

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်حيث تعيش القصص. اكتشف الآن