Chapter 134
ရုံးခန်းသည် တိတ်ဆိတ်ခြင်းနှင့် ဖုံးလွှမ်းခံထားရသည်။ အားလုံးက အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ဒါသည် မယုံကြည်နိုင်တဲ့မြင်ကွင်းပင်ဖြစ်၏။
ကောလဟာလတွေက အမှန်ဖြစ်နေခဲ့သည်။ သူတို့၏မြို့စားကတော်သည် မီးကို ကိုင်တွယ်နိုင်တယ်ဟု ကြားသိထားသော်လည်း အဲဒါက အမှန်တကယ်ဖြစ်နေကြောင်းကိုတော့ မသိခဲ့ကြ… အရမ်းကို ထိပ်လန့်သွားရလို့ လူတွေက အဟောင်းသားဖြစ်နေတဲ့ပါးစပ်ကို ဘယ်လိုပြန်ပိတ်ရမှန်းပင်မသိကြတော့ချေ။ ထိုအထဲမှာမှ ဒါက လက်တွေ့ဖြစ်ရပ်လား၊ အိပ်မက်လားဆိုတာကိုတောင်မှ မပြောနိုင်တဲ့သူတွေရှိကြသေးသည်။
“အမတ် ဂဲတီရွန် ရှင်အလုပ်ပြုတ်ပြီ”
ဆာစီးနီယာက ဆန့်တန်းထားတဲ့ သူမရဲ့လက်ကို အောက်ပြန်ချလိုက်ပြီး သူမရဲ့ သွေးရောင်တောက်နေသောမျက်ဝန်းများကတော့ သူ့ထံသို့ ဦးတည်နေသည်။
“အရှင်...…”
အမတ် ဂဲတီရွန်က ကြက်သေသေသွားရပေမယ့် ဆာစီးနီယာကတော့ အကြင်နာမဲ့စွာကြည့်နေသည်။
“ပြည်တွင်းအခွန်လို့ အမည်တပ်ပြီး ရှင်အလွဲသုံးစားလုပ်ခဲ့တဲ့ပိုက်ဆံတွေကို သူတို့ကို နှစ်ဆပြန်လျော်ပေးပြီး ဂလော်ရီထဲက ထွက်သွားတော့”
“ကျေး-ကျေးဇူးပြုပြီး ဒီတစ်ခါပဲခွင့်လွှတ်ပေးပါ.. ကျွန်တော်မျိုးမလုပ်ခဲ့တာကို ပြန်စဥ်းစားပေးပါဦး.. ဒီ-ဒီတစ်ခါပဲ ခွင့်လွှတ်မယ်ဆိုရင်–”
“ဘာလုပ်နေတာလဲ”
ခွင့်လွှတ်ဖို့ကို အသနားခံတောင်းဆိုနေသည့် အမတ် ဂဲတီရွန်အားကြည့်နေသော သူမရဲ့အကြည့်သည် အစောင့်ဆီသို့ ရောက်သွားသည်။
“သူ့ကိုခေါ်သွား”
နှင်းခဲများဆင်းသက်လာသကဲ့သို့ အေးစက်တဲ့အမိန့်သည် ထွက်ပေါ်လာခဲ့သည်။
“ဟုတ်ကဲ့”
တံခါးအရှေ့မှာစောင့်နေတဲ့ အစောင့်သည် အမတ် ဂဲတီရွန်ရဲ့လက်မောင်းကိုဆွဲကာ ဒီအချိန်ကိုစောင့်စားနေသည့်အလား အပြင်သို့ခေါ်ထုတ်သွားလေသည်။
أنت تقرأ
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
قصص عامةအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...