986 - 990

820 19 0
                                    

အပိုင်း(၉၈၆)ကံကြောင့်လော

     “သူငါ့ထက်အရင်စောပြီးထွက်နိုင်တာ ဖြတ်လမ်းနည်းတချို့သုံးခဲ့လို့ပဲဖြစ်မယ်…သူ့အသက်က ဘယ်လောက်ရှိသေးလို့တုန်း…သူ့ရဲ့စွမ်းအားက ငါ့ထက်သာဖို့မဖြစ်နိုင်ဘူး"
    ယီလင်သည် သူမကိုယ် သူမ ဆက်တိုက်နှစ်သိမ့်လိုက်သည်။
      သူမထက်ငယ်သောအမျိုးသမီးတစ်ယောက်က သူမထက် သာလွန်ခြင်းကို သူမ မယုံကြည်ပေ။

        ဒါချင်မင်းဆက်၏ လူငယ်မျိုးဆက်ထဲတွင် အသန်မာဆုံးကျွမ်းကျင်သူအနေဖြင့် သူမထံတွင် ကိုယ်ပိုင်မာနရှိသည်။

      “ထျန်းဝူ…ယီလင်က ညီမရဲ့စွမ်းအားကို မယုံတဲ့ပုံပဲ"
       သွမ့်လင်းထျန် ပြုံးလိုက်သည်။

    ဖုန်ထျန်းဝူသည် ယီလင်ကို အရေးမစိုက်စွာကြည့်ပြီးနောက် နောက်ထပ်အာရုံမစိုက်တော့ပေ။ သူမထက် အသက်ဆယ်နှစ်ကြီးသော အမျိုးသမီးတစ်ယောက်သည် သူမနှင့် နှိုင်းယှဉ်ဖို့မထိုက်တန်ပေ။

       ဒါချင်မင်းဆက်၏ ယီလင် န၀မမြောက်ထွက်လာပြီးနောက် ဒသမမြောက်လူလည်းထွက်လာသည်။

       ဒါထျန်မင်းဆက်၏ လီကျိ…

     လီကျိသည် အသက်သုံးဆယ့်ငါးနှစ်ဝန်းကျင်ခန့်လူရွယ်တစ်ယောက်ဖြစ်ပြီး ဒါထျန်မင်းဆက်၏ ဆယ့်တစ်ယောက်မြောက်မင်းသားလည်းဖြစ်သည်။
      ယခုအချိန်တွင် ထိပ်တန်းနံပါတ်ဆယ်ခု၏ ကတ်ပြားပိုင်ရှင်များပေါ်လာခဲ့သည်။
     နံပါတ်တစ်ကတ်ပြားပိုင်ရှင် သွမ့်လင်းထျန်က ဒက်ခံမင်းဆက်က ဖြစ်သည်။
     နံပါတ်နှစ်ကတ်ပြားပိုင်ရှင်ကျီရှန့်ကလည်း ဒက်ခံမင်းဆက်ကဖြစ်သည်။
      နံပါတ်သုံးကတ်ပြားပိုင်ရှင် ချီဖန်က ဒါချီမင်းဆက်ကဖြစ်သည်။
     နံပါတ်လေးကတ်ပြားပိုင်ရှင် ချင်ခွန်က ဒါချင်မင်းဆက်ကဖြစ်သည်။
     နံပါတ်ငါးကတ်ပြားပိုင်ရှင် တမူက ဒါယွမ် မင်းဆက်ကဖြစ်သည်။
    နံပါတ်ခြောက်ကတ်ပြားပိုင်ရှင် လုရုံက ဒန်းမင်း မင်းဆက်ကဖြစ်သည်။
     နံပါတ်ခုနှစ်ကတ်ပြားပိုင်ရှင် ဖုန်ထျန်းဝူက ဒက်ခံမင်းဆက်ကဖြစ်သည်။
     နံပါတ်ရှစ်ကတ်ပြားပိုင်ရှင် အိုးချန်က ဒါချူးမင်းဆက်ကဖြစ်သညါ။
     နံပါတ်ကိုးကတ်ပြားပိုင်ရှင် ယီလင်က ဒါချင်းမင်းဆက်ကဖြစ်သည်။
      နံပါတ်တစ်ဆယ် ကတ်ပြားပိုင်ရှင်လီကျိက ဒါထျန်မင်းဆက်ကဖြစ်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now