1071 - 1075

125 10 0
                                    

အပိုင်း(၁၀၇၁)နန်းကုန်းညီအစ်ကို‌

      ပုံရိပ်ယောင်တစ်ထောင်

    သွမ့်လင်းထျန်၏ မျက်လုံးထဲတွင် ခပ်မှိန်မှိန်အလင်းတစ်ခုလက်သွားပြီး သူစုဆောင်းထားသည်မှာ ကြာပြီဖြစ်သော စိတ်စွမ်းအားသည် သူ့ဝိညာဉ်၏ အနက်ပိုင်းထဲတွင်ရှိသော ဝိညာဉ်အမှတ်အသားနှင့် ပေါင်းစည်းသွားပြီး ဝိညာဉ်အတတ်ပညာကိုအသုံးပြုလိုက်သည်။

    ထိုအချိန်၌ ပုံရိပ်ယောင်နယ်မြေထွက်ပေါ်လာပြီး မီတာတစ်ရာကျော်ကိုလွှမ်းခြုံသွားသည်။ ၎င်းသည် သူ့ဆီသို့ တဟုန်ထိုးဝင်လာသော ဟူဖေးကိုလည်း ဖုံးလွှမ်းသွား၏။

       လေပွေ…
     မကြာခင်၌ သွမ့်လင်းထျန်သည် သူ့နေရာက ဖယ်ကာဘေးသို့ရှောင်တိမ်းလိုက်သည်။

    တစ်ချိန်တည်းမှာပင် ဟွမ်တနျူကို အေးအေးဆေးဆေးကြည့်၍ အသံပို့လွှတ်ကာပေုာလိုက်သည်။
       “တနျူ ငါပြောသလိုလုပ်"

     အလွန်ကြီးမားသော မီးသားရဲကြီးပမာ  မီးလျှံများနှင့် ပျံသန်းလာသော ဟူဖေးသည် လူအားလုံး၏ အကြည့်အောက်၌ သူ့ပစ်မှတ်ကို တိုက်ခိုက်မှု လွဲချော်သွားသည်။

   ဟူဖေးသည်    သွမ့်လင်းထျန်ကိုနောက်တစ်ဖန်ခုန်ကာ တိုက်ခိုက်တော့မည်ဟု အားလုံးတွေးနေကြသည့်အချိန်၌ မီးလျှံများ ဖုံးလွှမ်းနေသော ဟူဖေးသည် သူ့နေရာတွင်သာ ရပ်နေသေးပြီး ပတ်ဝန်းကျင်ကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြောင်း မြင်လိုက်ရသည်။
     သူ၏ မျက်လုံးထဲတွင် သံသယအရိပ်အမြွက်တချို့ရှိနေသည်။ သူသည် ထူးဆန်းသောအရာတစ်ခုကို တွေ့လိုက်ရသလိုပင်ဖြစ်သည်။

     ထိုအချိန်၌ ဟူဖေး၏ မျက်လုံးထဲတွင်....

        သူသည် သူ၏ အနီးတွင်မည်သူမျှ မရှိသည့် ကျယ်ပြောသည့် သဲကန္တာရကြီးထဲတွင်ရပ်နေသည်။ 

      “ပုံရိပ်ယောင်လား"
    ဟူဖေး၏ မျက်နှာမည်းနက်သွားသည်။
    ဖြစ်ပျက်နေသည့်အရာကို သူ ချက်ချင်းသိလိုက်၏။

      “ငါမှော်ကမ္ပည်း ဒါမှမဟုတ် မှော်ကမ္ပည်းအစီအရင်ရဲ့ အတက်အကျကို ဘာမှမခံစားရဘူး…ဒါက မွေးရာပါစွမ်းရည်ရှိတဲ့ ထူးဆန်းတဲ့နတ်ဆိုးသားရဲတစ်ကောင်ကောင်က ငါ့ကို ဒီလိုလုပ်တာလား"
      ၎င်းမှာ ဟူဖေး၏ စိတ်ထဲတွင်ပေါ်လာသော ပထမသံသယဖြစ်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora