1101 - 1105

130 7 0
                                    

အပိုင်း(၁၁၀၁) မင်းက ရမ်းသန်းပြောနေတာပဲ

      အံ့ဩတုန်လှုပ်သွားသော ထျန်ကူနှင့် ယုဖန်အပြင် တခြားဒြပ်စင်ငါးခုဂိုဏ်း၏ တပည့်များကလည်း ကြက်သေသေနေသည်။

      “သွမ့်လင်းထျန်က အရမ်းသန်မာတယ်…သူ့ရဲ့ မွေးရာပါစွမ်းရည်က သူ့ရဲ့ ဝှက်ဖဲလို့ ငါထင်ထားခဲ့တာ…သူက မွေးရာပါစွမ်းရည်မသုံးဘဲနဲ့ ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"

       “အရင်က သူက တတိယအဆင့်အလယ်လေအနှစ်သာရတင် နားလည်ထားတယ်လို့ ငါ ကြားခဲ့တာ…အခုစဉ်းစားကြည့်တော့မှ သူ့ရဲ့ စွမ်းအားကို တကယ်ကောင်းကောင်းဖုံးကွယ်တာပဲ"

      “အစောက သူ ဟူဖေးကိုတစ်ချက်တည်းနှင့်  လွင့်သွားအောင်လုပ်ခဲ့တဲ့  မိုးကြိုးအနှစ်သာရကအနည်းဆုံး အဌမအဆင့်အလယ်မိုးကြိုးအနှစ်သာရဖြစ်လိမ့်မယ်"

      “ဒါက နဝမအဆင့်အလယ်မိုးကြိုးအနှစ်သာရတောင်ဖြစ်နိုင်တယ်"

     ………

       သွမ့်လင်းထျန်ကိုကြည့်ရင်း ထန်ကျန်နှင့် တန်ဟန်အပါအဝင် တခြားတပည့်များ၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုအငွေ့အသက်များကို မြင်နိုင်သည်။

       “ ဒီ သွမ့်လင်းထျန်က တကယ်ဒီလောက်သန်မာတဲ့ မိုးကြိုးအနှစ်သာရကိုနားလည်ထားတာလား…"
      နန်းကုန်းရီ၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူ၏ မျက်နှာအနည်းငယ်နက်မှောင်သွားပြီး ရေရွတ်လိုက်၏။
       “တကယ်လို့ သူက မိုးကြိုးအနှစ်သာရကော တတိယအဆင့်လေအနှစ်သာရကော နှစ်ခုလုံးကို သုံးမယ်ဆိုရင် သူ့ရဲ့ မွေးရာပါစွမ်းရည်မပါရင်တောင် ငါပထမအဆင့် အဆင့်မြင့်ရေအနှစ်သာရကိုနားမလည်ရငါ သူ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး"
       ထိုအချိန်၌ နန်းကုန်းရီသည် စတင်၍ ဖိအားကြီးကို ခံစားလိုက်သည်။
     သူသည် နက်နဲပေါင်းစပ်အစီအရင်ထဲက ထွက်လာပြီးနောက် သူ့ရေအနှစ်သာရ၏အပြောင်းအလဲကို  ရှင်းလင်းစွာ ခံစားနိုင်သော်လည်း သူမည်မျှ တိုးတက်ခဲ့ကြောင်းကို မသိပေ။ သူ သရုပ်ပြပြီးမှသာ သူ၏ ရေအနှစ်သာရ မည်မျဇတိုးတက်လာကြောင်းကို သိရှိမည်ဖြစ်သည်။
      သို့ရာတွင် သူသေချာသည့် အရာတစ်ခုတော့ရှိသည်။ အနည်းဆုံး ၎င်းသည် နဝမအဆင့်အလယ်ရေအနှစ်သာရဖြစ်သည်။ သို့မဟုတ် ဟင်းလင်းပြင်ပြောင်းလဲခြင်းအနှစ်သာရဟုလူသိများသော ပထမအဆင့် အဆင့်မြင့်ရေအနှစ်သာရဖြစ်နိုင်သည်။ 

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now