1156 - 1160

90 9 0
                                    

အပိုင်း(၁၁၅၆)ဖုန်ထျန်းဝူ၏ အပြောင်းအလဲများ
   
    အကယ်၍ သူတို့နှစ်ယောက်၏ စွမ်းအားသာ တူညီပါက ကျန်းရန်၏ ရေခဲအနှစ်သာရက မီးအနှစ်သာရကို ဖိနှိပ်အနိုင်ယူနိုင်လိမ့်မည်ဖြစ်သည်။

     သို့သော်လည်း ကျန်းရန်၏ ရေခဲအနှစ်သာရသည် ဖုန်ထျန်းဝူနားလည်ထားသော အဌမအဆင့် အဆင့်မြင့်မီးအနှစ်သာရ၏ ရှေ့၌ ဘာမှမဟုတ်ပေ။
     ၎င်းသည် အလွယ်တကူပင် ချေမှုန်းခံလိုက်ရသည်။

     ဝှစ်…ဝှစ်…

      ဖုန်ထျန်းဝူ၏ ကြာပွတ်ပေါ်မှ ပိုမိုကြီးမားလာသော မီးလျှံများနှင့် ရင်ဆ်ိုင်ရချိန်၌ ကျန်းရန်သည် ရှေးဦးချိုနဂါး၉၇၈ကောင်၏ ခွန်အားပါဝင်သော သူ့လက်နှစ်ဖက်နှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။
     သို့သော်လည်း သူ၏ စွမ်းအားသည် ဖုန်ထျန်းဝူ၏ ကြာပွတ်ထံမှ ထွက်ပေါ်လာသော ရှေးဦးချိုနဂါးတစ်ထောင်ကျော်ပါဝင်သော မီးလျှံများထက် နိမ့်ကျသည်။

     ဘန်း…

     ကျယ်လောင်သော လေသံများနှသ့်အတူ ပေါက်ကွဲသံများ ထပ်ခါထပ်ခါပဲ့တင်ထပ်သွားသည်။ လေထဲတွင် မီးလျှံများသည် ကျန်းရန်အား အလွန်ကြီးမားသော သားရဲတစ်ကောင်လို လွှမ်းခြုံသွားသည်။
         မီးလျှံများ ပျောက်ကွယ်သွားဖို့အတွက် အချိန်တချို့သာ ကြာခဲ့သည်။

        ကျန်းရန်၏ ခန္ဓာကိုယ်လွင့်ထွက်သွားပြီး သူ့လည်ချောင်းထဲမှ သွေးတစ်လုတ် ထပ်မံအန်ထုတ်လိုက်သည်။ သူ့ကြည့်ရသည်မှာ အတော်လေး ဖြူဖပ်ဖြူရော်ဖြစ်နေသည်။

      “ဒီမှာ မင်းလိုချင်တဲ့ဟာ"
     ဖုန်ထျန်းဝူသည် သူ့နောက် လိုက်လာသည်ကိုမြင်ချိန်၌ ကျန်းရန်သည် သူ့လက်ကိုမြှောက်ကာ အစောပိုင်းက ထူးခြားသော သေတ္တာထဲမှ သူထုတ်ယူထားသော နဝမအဆင့်ဘုရင်မီးသဘောတရားမှတ်ဉာဏ်အပိုင်းအစအား ပစ်ပေးလိုက်သည်။

         ဘန်း…

      အပိုင်းအစကို ဖမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ဖုန်ထျန်းဝူ၏ မျက်လုံးများ အေးစက်သွားသည်။ သူမသည် ကျန်းရန်ကို သတ်ဖြတ်ချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးOnde histórias criam vida. Descubra agora