1181 - 1185

97 11 1
                                    

အပိုင်း(၁၁၈၁)မြှောက်ပြီးရိုက်ချခြင်း

   “ချေးပဲ"
    အလွန်လျင်မြန်စွာဖြင့် လေကျွန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

        သွမ့်လင်းထျန်၏ စွမ်းအားသည် သူ့အား အလွယ်တကူ အသက်နှုတ်ပစ်နိုင်ကြောင်း သိသွားသဖြင့် သူ၏ မျက်နှာထက်တွင် စိတ်ပျက်မှုများ ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်သီးကို သွမ့်လင်းထျန်၏ လက်ထဲမှ ပြန်ယူဖို့ ကြိုးစားလိုက်သည်။
       သို့သော်လည်း သူ့လက်သီးသည် သွမ့်လင်းထျန်၏ လက်ထဲတွင် အမြစ်တွယ်နေသလို လုံး၀မလှုပ်ပေ။

      “အား…"
     မကြာခင်၌ သူ့လက်သီးမှ လာသော ပြင်းထန်သည့် နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ လေကျွန်းအား အာခေါင်ခြစ်သံဖြင့် အော်သွားစေသည်။
       အာခေါင်ခြစ်သံဖြင့် အော်လိုက်သော သူ၏ အသံသည် အဆုတ်များကွဲအက်သွားသလိုပင်ဖြစ်ကာ ကြားရသူတိုင်းကို ဦးရေပြားထုံစေသည်။
       သွမ့်လင်းထျန်၏ လေကျွန်း၏ လက်သီးကို ဖမ်းဆုပ်ထားသော လက်ထဲတွင် အနှစ်သာရလေးမျိုး ပေါင်းစည်းနေပြီး ၎င်းသည် လေကျွန်း၏ လက်သီးတွင် ရစ်သိုင်းနေသော ခရမ်းရောင်လျှပ်စီးများကို ဖျက်ဆီးလိုက်သည်။
      လေကျွန်း၏ လက်သီးတွင် ရစ်သိုင်းနေသော စွမ်းအင်ကို ဖယ်ရှားပြီးနောက်  သွမ့်လင်းထျန်သည် သူ၏ လက်အား လေကျွန်း၏ ခန္ဓာကိုယ်ပေါ်ဖိလိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ မူလစွမ်းအင်များ အလျင်အမြန်လွင့်ပြယ်သွားသည်။

     “အား..."
      လေကျွန်း၏ ခန္ဓာကိုယ်က တုန်ခါပြီး သူ၏ မျက်နှာက ဖြူဖျော့ကာ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။

   လေကျွန်း အသက်ရှူနိုင်သွားချိန်၌  သွမ့်လင်းထျန် နောက်ထပ်လှုပ်ရှားတော့မည်ကို မြင်လိုက်သဖြင့်  သွမ့်လင်းထျန်  ဘာလုပ်တော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ သူ၏ မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွားပြီး အထိတ်တလန့် အော်လိုက်သည်။
       “မလုပ်နဲ့"

     ကံမကောင်းစွာပင် သွမ့်လင်းထျန်သည် လေကျွန်း၏ အော်သံကို မကြားသလို လျစ်လျူရှုလိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now