1221 - 1225

107 9 0
                                    

အပိုင်း(၁၂၂၁)လျှို့ဝှက်ဆန်းကြယ်သောသွမ့်လုဖန်း

     “ ခင်ဗျားက ဘယ်ကလာတာလဲ…”
     သွမ့်လင်းထျန် ထပ်မေးလိုက်သည်။ အနက်ရောင် သက်လတ်ပိုင်းလူသည် သူ့လက်ထဲတွင် ရှိနေသည့်အဆောင်ကို သတိဖြင့်ကြည့်နေကြောင်း သူသတိထားမိသည်။ သွမ့်လင်းထျန် အံ့ဩသွားသည်။
     သူ့လက်ထဲမှ အဆောင်သည် သူ၏ ဆိုးရွားသောဖခင်မှ ပေးခဲ့ခြင်းဖြစ်သည်။

     တိမ်ကုန်းမြေတိုက်ကြီး၏အပြင်ဘက်မှလာသည်ဟု ထင်ရသည့် ထိုလူသည် သူ့လက်ထဲက အဆောင်ကို ကြောက်နေလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။

      “ငါက ဘယ်ကလာတာလဲ ဟုတ်လား…”
     အနက်ရောင်သက်လတ်ပိုင်းလူသည် အသက်ပြင်းပြင်းရှိုက်ပြီးနောက် ဒေါသဖြင့် ခပ်စူးစူးကြည့်လိုက်သည်။
      “မင်းက ငါ့ကို လာနောက်နေတာလား…  မင်းမှာ  အခြေခံသူတော်စင်အဆင့်တာအိုကျင့်ကြံသူ ဆွဲထားတဲ့ အဆောင်ရှိနေတာတောင် ငါဘယ်ကလာမှန်းမသိဘူးလား… မင်းရဲ့နောက်မှာရှိတဲ့ အခြေခံသူတော်စင်တာအိုကျင့်ကြံသူကြောင့်  မင်း ဒီတစ်ခေါက် ငါ့ရဲ့လူသားရုပ်သေးရုပ်ကို ဖျက်‌ဆီးလိုက်တာကို ငါဘာမှမပြောတော့ဘူး… မဟုတ်ရင် မင်းရဲ့အဆောင်ကြောင့် ငါ ပြင်းပြင်းထန်ထန်ဒဏ်ရာရရင်တောင် ငါ မင်းကို သတ်ပစ်မှာ…”
     အနက်ရောင်သက်လတ်ပိုင်းလူသည် အေးစက်စွာ ပြောလိုက်သည်။

     သူ၏ စကားအရ သွမ့်လင်းထျန်လက်ထဲတွင် ရှိသော အဆောင်သည် သူ့အား ပြင်းပြင်းထန်ထန်ဒဏ်ရာရစေနိုင်ကြောင်း သိသာသည်။

     အနက်ရောင်သက်လတ်ပိုင်းလူထံမှ ထိုစကားထွက်ပေါ်လာပြီးနောက် သူသည်  သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူတို့၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။ သူ လုံးဝမရှိခဲ့ဖူးသလိုပင် ဖြစ်သည်။

      သွမ့်လင်းထျန်သည် အနက်ရောင်သက်လတ်ပိုင်းလူသည် လာချင်သလိုလာပြီး ပြန်ချင်သလို ပြန်သွားခြင်းကို မြင်ချိန်၌ မချိပြုံး ပြုံးလိုက်သည်။
      “ငါ့မှာ သူ့ကို မေးစရာမေးခွန်းတွေ အများကြီးရှိသေးတာကို သူက ဘာလို့ ထွက်သွားရတာလဲ…”

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးOnde histórias criam vida. Descubra agora