1206 - 1210

74 8 0
                                    

အပိုင်း(၁၂၀၆)စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲ

   “ဒါမင်းလား"
    ရုတ်တရက် သွမ့်လင်းထျန်၏ မျက်လုံးထဲတွင် အေးစက်သောအလင်းတစ်ခုယှက်ပြေးသွားသည်။ သူသည် သူရှေ့မှလူကို ဝါးမျိုချင်သည့်ပမာပင်ဖြစ်သည်။

     မီးတောင်က တပည့်၏ ကြောက်ရွံ့မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သေမထူးနေမထူးအခြေအနေရောက်နေပြီမို့ သူ သွမ့်လင်းထျန်ကို ပြန်ကြည့်လိုက်သည်။ သူ အံကြိတ်၍ ပြောလိုက်သည်။
    “ဟုတ်တယ်..ငါပဲ"

    “ငါ မင်းကိုသိတယ်မထင်ဘူး...မင်းဘာလို့ဒီလိုလုပ်တာလဲ"
    မီးတောင်၏ တပည့်သည် သူ၏ မှားယွင်းသောလုပ်ရပ်ကို ၀န်ခံသောအခါ သွမ့်လင်းထျန်၏ မျက်နှာတင်းမာသွားသည်။ သူ၏ မျက်လုံးများက အေးစက်သွားသည်။

     “ငါ စီနီယာအစ်ကိုဟူဖေးကို အသက်ကြွေးတင်ထားတယ်"
    မီးတောင်၏ တပည့်သည် နက်စောက်သောအသံဖြင့် ပြောလိုက်သည်။

     “ဟူဖေးလား"
    သွမ့်လင်းထျန်သည် စစချင်းတွင် ကြောင်အမ်းအမ်းဖြစ်သွားသော်လည်း မကြာခင်၌ ဘာဖြစ်နေကြောင်းကို နားလည်လိုက်သည်။ သူ့ရှေ့မှ မီးတောင်၏ တပည့်သည် သူသတ်ခဲ့သော ဟူဖေး၏ ကိုယ်စားလက်စားချေခြင်းဖြစ်သည်။

     ဟူဖေးက တကယ်လူတစ်ယောက်ရဲ့အသက်ကို ကယ်ခဲ့တာလား...
    သွမ့်လင်းထျန်သည် ၎င်းကို မယုံနိုင်ဖြစ်နေသည်။

    “ဟူဖေးအပေါ်အသက်ကြွေးတင်နေတဲ့လူတစ်ယောက်ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
    သွမ့်လင်းထျန် စကားမပြောရသေးခင်မှာပင် ဟွမ်တနျူက လှောင်ပြော ပြောလိုက်သည်။

    ဟူဖေးသည် မီးတောင်၏ တပည့်ဖြစ်ပြီး တစ်ချိန်က သစ်သားတောင်၏ သစ္စာဖောက်ဖြစ်သည်။
   
     ကိုယ်အောင်မြင်ဖို့အတွက် ဟူဖေးသည် သူ့ကိုကူညီခဲ့သော သစ်သားတောင်ကို သစ္စာဖောက်ရုံသာမက သူ့အသက်ကို ကယ်ခဲ့သောဆရာသခင်ကိုပင် သစ္စာဖောက်ခဲ့သည်။ ထို့ကြောင့် သူသည် ဒြပ်စင်ငါးခုဂိုဏ်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။

    အကယ်၍ လူတစ်ယောက်ယောက်သည် ဟူဖေးလို လူယုတ်မာက တစ်စုံတစ်ယောက်၏ အသက်ကို ကယ်ခဲ့သည့်အကြောင်းကြားလျှင် အံ့ဩမည်သာဖြစ်သည်။
    သို့သော်လည်း သွမ့်လင်းထျန်နှင့် ဟွမ်တနျူသည် ဟူဖေး ထိုမီးတောင်တပည့်၏ အသက်ကိုကယ်ရခြင်း၏ အစစ်အမှန်အကြောင်းအရင်းကို မသိချေ။
    သူ၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက်သာဖြစ်ပြီး ရည်ရွယ်ချက်က မသန့်စင်ပေ။
     သွမ့်လင်းထျန်သိသောဟူဖေးသည် သွေးအေးသောတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ကြင်နာမှုဟူ၍ နည်းနည်းပင်မရှိချေ။
    သူလုပ်သမျှအရာအားလုံးက သူ၏ ကိုယ်ကျိုးအတွက်သာဖြစ်သည်။
    တစ်ကိုယ်ကောင်းဆန်မှု ဟူသည်မှာ သူ၏ အလယ်နာမည်ဖြစ်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora