106 - 1010

157 14 0
                                    


အပိုင်း(၁၀၀၆)သွမ့်လင်းထျန် ဒဏ်ရာရခြင်း
  
     မှော်ကမ္ပည်းပညာရှင်ဖြစ်သည့် မင်းဆက်အသီးသီးက ကိုယ်စားလှယ်များ လုံး၀ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

      “သွမ့်လင်းထျန်ရဲ့ နားမလည်နိုင်တဲ့စွမ်းရည်က ဖျက်ဆီးခံလိုက်ရတာပဲ"

     “ချီဖန်က မှော်ကမ္ပည်းပညာရှင်ဖြစ်ပြီး သူ့ရဲ့စိတ်စွမ်းအားက သွမ့်လင်းထျန်ရဲ့စွမ်းရည်ကို အလွယ်တကူ ကျော်လွှားနိုင်ခဲ့တာလား"

     ထို မှော်ကမ္ပည်းပညာရှင်များ၏ စကားသည် ရှိနေကြသော လူအယောက်စီတိုင်း၏ နားထဲ ဝင်လာခဲ့ရာ လူအားလုံးက သွမ့်လင်းထျန်နှင့် ချီဖန်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။
     သွမ့်လင်းထျန်၏ နားမလည်နိုင်သော စွမ်းရည်နှင့် ရင်ဆိုင်ရချိန်၌ ချီဖန်သည် ၎င်းကို လုံး၀သတိမထားမိသလို အစမှအဆုံးထိတိုင်  သွမ့်လင်းထျန်အား စူးစိုက်၍ ကြည့်နေကြောင်း အလျင်အမြန် တွေ့လိုက်သည်။

     “ချီဖန်က သွမ့်လင်းထျန်ရဲ့ စွမ်းရည်ကို တကယ်ကျော်လွှားနိုင်တာလား… "

     “တကယ်လို့ ဒီလိုဆို ချီဖန် လွယ်လွယ်အနိုင်ရသွားမှာပေါ့"

     “သွမ့်လင်းထျန် အန္တရာယ်ရ်ှိတယ်"

     ………

      ချက်ချင်းပင် အစက သွမ့်လင်းထျန်အပေါ် ယုံကြည်မှုများပြည့်နှက်နေသော လူများသည် ချီဖန်ထုတ်ယူလိုက်သော သူ၏ အဆင့်သုံးဝိညာဉ်လက်နက် လေးကိုမြင်ချိန်၌  သွမ့်လင်းထျန်အစား ချွေးများထွက်လာသည်။

      “အစတုန်းက နင်ကန် ဘာလို့ ဒီလိုထူးထူးဆန်းဆန်း စီစဉ်နေပါလိမ့်လို့ ငါအံ့ဩနေတာ…လက်စသတ်တော့ ချီဖန်က မှော်ကမ္ပည်းပညာရှင်ဆိုတော့ ညီလေးလင်းထျန်ကို တန်ပြန်နိုင်လို့ကို"
    ကျန်းရှောက်ရုံ၏ မျက်နှာ အလွန်ဆိုးရွားသွားပြီး သွမ့်လင်းထျန်ကိုကြည့်၍ စိတ်ပူသော မျက်နှာဖြင့် ရေရွတ်လိုက်သည်။

      “သွမ့်လင်းထျန်က သူ့ရဲ့ နားမလည်နိုင်တဲ့စွမ်းရည်ကိုသုံးပြီး ဒီအခြေအနေကို ရောက်လာခဲ့တာပဲ…အခု သူ့ရဲ့စွမ်းရည်က ဖယ်ရှားခံလိုက်ရပြီဆိုတော့ သူ အန္တရာယ်ရှိနေပြီ"
     စုလီ၏ မျက်နှာထက်တွင်လည်း စိတ်ပူမှုများ ပြည့်နှက်နေသည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora