အပိုင်း(၉၉၆)ကျီရှန့် အရှုံးပေးခြင်း
“ပိုင်အန်း ဒါမင်းရဲ့တပည့်လား…သူ့မှာ ဘယ်လိုစရိုက်မျိုးရှိတာလဲ"
ဆေဘာငါး၏ မျက်နှာမည်းနက်သွားသည်။
သူ၏ လက်ရင်းတပည့်သည် သူ့ရှေ့တွင် သင်ခန်းစာပေးခံရခြင်းကို သူမည်ကဲ့သို့ ဒေါသမထွက်ဘဲ နေပါမည်နည်း…“ဆေဘာငါး လူငယ်တွေကိစ္စက လူငယ်တွေဘာသာပဲဖြေရှင်းပါစေ…မဟုတ်ရင် မင်းက မင်းတပည့်ကိုယ်စား ဝင်ပါချင်တာလား"
ပိုင်အန်း အရေးမစိုက်စွာပြောလိုက်သည်။
“ဆေဘာငါး မင်းအဲလောက်ထိတော့ အဆင့်မနိမ့်ဘူးမလား"ထိုစကားကြားချိန်၌ ဆေဘာငါး ဆွံ့အသွားသည်။ သူသည် လုံယွင်ကို စိတ်ပျက်စွာသာ ကြည့်လိုက်သဖြင့် လုံယွင်၏ မျက်နှာပေါ်တွင် ခါးသီးမှုများ ဖြစ်ပေါ်လာသည်။
“ဟိုင်မင် မင်းနိုင်ပါပြီ"
နင်ကန်သည် ဟိုင်မင်ကို မုန်းတီးစွာကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဟိုင်မင်သည် ဓားဂိုဏ်းက သူတို့ဘက်တွင်ရှိနေကြောင်းကို သိထားသဖြင့် နောက်ထပ်အကူအညီတစ်ခုရှာဖွေလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ယခုအချိန်၌ ကောင်းကင်ဝံပုလွေခံတပ်သည် ဓားဂိုဏ်းနှင့် ပူးပေါင်းလျှင်ပင် သူတို့ကို မောင်းမထုတ်နိုင်ပေ။
“အခုခံစားချက်ဖြတ်တောက်ခြင်းဂိုဏ်းက လာပြီး လုနေပြန်ပြီ"
ဓားဆယ့်သုံး ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို တွေးမိသွားသည့်ပမာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ကိစ္စမရှိပါဘူး…သူတို့ သုံးယောက်နဲ့တင် အဆင်ပြေနေပါပြီ"
စကားဆုံးချိန်၌ ဓားဆယ်သုံးသည် သွမ့်လင်းထျန်၊ ဖုန်ထျန်းဝူနှင့် ကျန်းရှောက်ရုံတို့ကို ကြည့်လိုက်ပြီး သူတို့ကို ကြည့်လေကြည့်လေ ပိုကျေနပ်လာလေဖြစ်လာသည်။
ဘေးတွင်ရပ်နေသော သွမ့်လင်းထျန်သည် သူ၏ နှလုံးသားထဲ၌ ထူးဆန်းမှုများ ပြည့်နှက်နေသည်။
ပထမတွင် ဘုန်းကြီးသုံးပါးရောက်လာပြီးနောက် နောက် နောက်ထပ်ရိုးရှင်းသော အဝတ်အစားနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် ကျန်းရန်ကို ခေါ်၍ ရောက်လာခဲ့သည်။
ထိုရိုးရှင်းသော သက်လတ်ပိုင်းလူသည် ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ ကျန်းရန်၏ ဆရာသခင်ပင်ဖြစ်နေသည်။
YOU ARE READING
ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီး
Adventureကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai Luminous (သွမ့်လင်းထျန်) လင်းထျန်ဟာ ကြောက်မက်ဖွယ်ရာ လက်နက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ရုံသာမက အတွင်းအား ကျ...