1201 - 1205

79 7 0
                                    

အပိုင်း(၁၂၀၁)ကျိုးရွယ်၏ တုန်လှုပ်မှု

    
         တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် နဝမအဆင့် လေသဘောတရားမှတ်ဉာဏ် အပိုင်းအစကို ကိုင်ထားဖို့မမေ့ခဲ့ပေ။
       သူသည် ဝိုးဗင်းနဂါးပုံစံကို ကျင့်ကြံသည့်အချိန်၌ လေအနှစ်သာရအပေါ် သူ၏ နားလည်မှုစွမ်းအားသည် တိုးလာကြောင်း မှတ်သားထားရမည်။
      သူ၏ ခန္ဓာကိုယ်ထဲတွင် မူလစွမ်းအင်များ၊ ပြန်လည်မွေးဖွားခြင်းဆေးလုံး၏ ဆေးအာနိသင်များနှင့် ခရမ်းရောင်ဆူးသီးတို့၏ ဆေးအာနိသင်များသည် ဝိုးဗင်းနဂါးပုံစံကျင့်စဉ်၏ ပုံစံဖြင့် အကြိမ်တိုင်းလည်ပတ်နေသည်။
      ဟင်းလင်းပြင်ပြောင်းလဲခြင်းအဆင့် ၄ ၏ အတားအဆီးက တစ်စထက်တစ်စအားနည်းလာသည်။ ၎င်းသည် နောက်ထပ်အကြိမ်အနည်းငယ်တွင် ကျိုးပျက်သွားတော့မည်ဟု ခံစားနေရသည်။

      ဘန်း…. ဘန်း….

       ………

      ကျင့်စဉ်ကို အကြိမ်အနည်းငယ်ခန့် လည်ပတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲတွင် ခပ်သဲ့သဲ့ပေါက်ကွဲအသံနှင့်အတူ သွမ့်လင်းထျန်သည် ဟင်းလင်းပြင်ပြောင်းလဲခြင်းအဆင့် ၄ ၏ အတားအဆီးကို ကျော်ဖြတ်သွားကြောင်း ခံစားမိလိုက်သည်။
    မူလစွမ်းအင်သည် ကြောက်မက်ဖွယ်အပြောင်းအလဲများ ဖြစ်ပွားလာခဲ့သည်။

      ဟင်းလင်းပြင်ပြောင်းလဲခြင်းအဆင့် ၄…
      ပြောင်းလဲသွားသော မူလစွမ်းအင်က ထိုနေရာတွင် မရပ်တန့်ပေ။ ပြန်လည်မွေးဖွားခြင်းဆေးလုံး၏ ဆေးအာနိသင်နှင့် ခရမ်းရောင်ဆူးသီးတို့၏ ဆေးအာနိသင်များကြောင့် မူလစွမ်းအင်သည် အရှိန်နှေးသွားခြင်းမရှိပဲ ဝိုးဗင်းနဂါးပုံစံအတိုင်း ဆက်လက်၍ လည်ပတ်နေသည်။

      သွမ့်လင်းထျန်၏ ကျင့်ကြံမှုသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် တိုးပွားလာသည်။
     သို့သော်လည်း သွမ့်လင်းထျန်၏ စိတ်သည် ကျင့်ကြံခြင်းအပေါ် အာရုံစိုက်မနေပေ။ သူသည် သူ၏ လေအနှစ်သာရက ပြောင်းလဲသွားကြောင်းကို ရှင်းလင်းစွာခံစားနိုင်သော်လည်း အပြောင်းအလဲသည် အဆင့်တက်ခြင်းမဟုတ်‌ချေ။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now