အပိုင်း(၁၀၅၁)အကြီးအကဲတစ္ဆေ၏ ကြောက်လန့်မှု
ကောင်းကင်ဝံပုလွေခံတပ်၏ ဒုခံတပ်မှူးငါးယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန်၌ ကောင်းကင်ဝံပုလွေခံတပ်၏ အထက်ကောင်းကင်တွင် ပုံရိပ်နှစ်ခုပေါ်လာသည်။
“ချေးပဲ…ဒါအဲဒီသခင်မလေးပဲ"
ဒုခံတပ်မှူးငါးယောက်၏ ခေါင်းဆောင်လျိုဖူသည် မိန်းကလေးနှစ်ယောက်ကို ချက်ချင်းသတိပြုမိသွားပြီး သူ၏ မျက်နှာပျက်ယွင်းသွားသည်။“ကြည့်ရတာ သခင်မလေးက အရမ်းဒေါသထွက်နေတဲ့ပုံပဲ…သူငါတို့ရဲ့ ကောင်းကင်ဝံပုလွေခံတပ်ကိုတော့ မဖျက်ဆီးဘူးမလား"
မန်လီ ပင့်သက်ရှိုက်လိုက်သည်။“ကျုပ်တို့အခု ဘာလုပ်ကြမလဲ"
ဖုံဝေ ခါးသက်သက်ရယ်လိုက်သည်။သူသည် ထိုမိန်းကလေးနှစ်ယောက်နှင့် လွန်ခဲ့သော သုံးရက်ကမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည့်တိုင် သူ့ဆရာသခင်ထံမှတစ်ဆင့် အဝါရောင်အဝတ်အစားနှင့် မိန်းကလေး၏ နောက်ခံကိုသိရှိပြီးနောက် အလွန်ကြောက်ရွံ့နေခဲ့သည်။
ဟာသပဲ…
သူတို့၏ ကောင်းကင်ဝံပုလွေခံတပ်သည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ အစေခံရှိသည့် တည်ရှိမှုကို စော်ကားဖို့ ဖြစ်နိုင်ပါသလော…“ငါတို့ သူ့ကို ကျေနပ်အောင်လုပ်ပေးသင့်တယ်လို့ထင်တယ်…မဟုတ်ရင် သူကောင်းကင်ဝံပုလွေခံတပ်ကို ဖျက်ဆီးလိမ့်မယ်"
နင်ကန် ခါးသက်သက်ရယ်လိုက်သည်။
“အတူသွားကြရအောင်"
လျိုဖူ လုံး၀သဘောတူလိုက်ပြီးနောက် တခြားလေးယောက်ကိုခေါ်၍ ကောင်းကင်သို့ ပျံသန်းသွားကာ အချိန်တိုအတွင်း မိန်းကလေးနှစ်ယောက်၏ အနီးသို့ ရောက်ရှိသွားသည်။
အဝါရောင်အဝတ်အစားနှင့် မိန်းကလေးဆီမှ အရပ်မျက်နှာအသီးသီးသို့ အေးစက်သောစွမ်းအင်များ ဖြာထွက်နေသည်။
ထိုအအေးစွမ်းအင်များသည် ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားကာ မကြာခင်မှာပင် ကောင်းကင်ဝံပုလွေခံတပ်၏ အတွင်းခံတပ်တစ်ခုလုံးသည် အလွန်အေးစက်သော ဆောင်းရာသီသို့ ကျရောက်လာသလိုခံစားရသည်။
YOU ARE READING
ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီး
Adventureကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai Luminous (သွမ့်လင်းထျန်) လင်းထျန်ဟာ ကြောက်မက်ဖွယ်ရာ လက်နက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ရုံသာမက အတွင်းအား ကျ...