1096 - 1100

121 6 0
                                    

အပိုင်း(၁၀၉၆)တိုးတက်မှုများ

       ဝှစ်…
    
    ထျန်ကျန်၏ ခန္ဓာကိုယ်တစ်ဝိုက်၌ အစိမ်းရောင်ဟာရီကိန်းများပေါ်လာခြင်းနှင့်အတူ သူ၏ အထက်၌ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များ  သိပ်သည်းလာသည်။

       ရှေးဦးချိုနဂါးအရိပ်များလည်း စတင်၍ ပုံသဏ္ဌာန်ဖြစ်တည်လာသည်။

     တစ်ဆယ်…

     နှစ်ဆယ်…

    သုံးဆယ်…

     ………

     အရေအတွက်က ဆက်လက်တ်ိုးတက်လာသည်။  အရေအတွက်ရှစ်ဆယ်အရောက်၌ ရပ်တန့်သွားသည်။

    သတ္တမအဆင့်အလယ်လေအနှစ်သာရ…
    ထျန်ကျန်၏ အနှစ်သာရကိုမြင်ချိန်၌ လူအုပ်၏မျက်လုံးထဲတွင် အံ့အားသင့်မှုအနည်းငယ် ထွက်ပေါ်လာသည်။
     အဆုံး၌ ပဉ္စမအဆင့် အလယ်လေအနှစ်သာရမှ သတ္တမအဆင့်အလယ်လေအနှစ်သာရကို ချိုးဖျက်ခြင်းသည် စတုတ္ထအဆင့်လေအနှစ်သာရမှ ဆဌမအဆင့် အလယ်လေအနှစ်သာရထဲ ဝင်ရောက်ခြင်းနှင့်မတူပေ။

       သူသည် တကယ် သတ္တမအဆင့်လေအနှစ်သာရကိုနားလည်ခဲ့ကြောင်း သေချာမှသာ ထျန်ကျန်နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

      “တော်တယ်…တော်တယ်"
     သူ့သား၏ ကြီးမားသော တိုးတက်မှုကို မြင်သောအခါ ထျန်ကူ ရွှင်ပြစွာပြုံးလိုက်သည်။

     ရှုပ်ထွေးသောအကြည့်နှင့်အတူ ယုဖန်သည် ထျန်ကူကိုကြည့်၍  ဂုဏ်ပြုလိုက်သည်။
       “ဂုဏ်ပြုပါတယ်....တောင်ပိုင်ထျန်ကူ"

      “ကျေးဇူးတင်ပါတယ်တောင်ပိုင်ယုဖန်…တန်ဟန်ကလည်း ကျုပ်ရဲ့ အသုံးမကျတဲ့သားလိုပဲ သတ္တမအဆင့်ဟင်းလင်းပြင်ရှင်းလင်းခြင်းအနှစ်သာရကိုနားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
     ထျန်ကူ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

      “ဆုတောင်းပေးလို့ ကျေးဇူးတင်ပါတယ်"
    ယုဖန် ခေါင်းညိတ်လိုက်သည်။
    ထို့နောက် သူမသည် တန်ဟန်ကို မျှော်လင့်စွာကြည့်လိုက်သည်။

     ထိုအချိန်၌ တန်ဟန်သည် သူ့ပေါ်ကျရောက်နေသည့် ယုဖန်၏အကြည့်ကို ခံစားနိုင်ပြီး သူမ၏ နဖူးတွင် ချွေးများသီးလာသည်။ ယခု သူမခံစားနေရသော ခံစားချက်မှာ အစောပိုင်းက ထျန်ကျန်၏ ခံစားချက်နှင့် အတူတူပင်ဖြစ်သည်။ သူမ  နားလည်ထားသည့် ရေအနှစ်သာရကို သူမခပ်ရေးရေးခံစားနိုင်သော်လည်း သူမ မည်မျှတိုးတက်ခဲ့ကြောင်းကို မသိပေ။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now