1191 - 1195

105 9 0
                                    

အပိုင်း(၁၁၉၁)အင်မော်တယ်ဝိညာဉ်ဆေးပင်

     “သွမ့်… သွမ့်လင်းထျန်"
      စင်္ကြံလမ်းထဲမှ ထွက်လာသော ပွစိပွစိပြောနေသော လူကောင်ကြီးကြီးပုံရိပ်သည် ခရမ်းရောင်အဝတ်အစားနှင့် လူရွယ်ကို သတိထားမိလိုက်သည်။
       သူ၏ မျက်နှာပေါ်၌ အံ့ဩမှုများ ပေါ်လာသည်။

     “တနျူ…ငါတို့က တကယ်ရေစက်ပါတာပဲ"
    အကောင်ကြီးကြီး လူရွယ်ကို မြင်ချိန်၌ သွမ့်လင်းထျန် ပြုံးလိုက်သည်။
     ထိုလူမှာ အခြားမဟုတ် ဟွမ်တနျူဖြစ်သည်။

     “ဟား…ဟား…  သွမ့်လင်းထျန် ကြည့်ရတာ ငါကံကောင်းတဲ့ပုံပဲ…နတ်ဘုရားတွေကတောင် ငါ့ကို ကူညီနေတယ်…နတ်ဘုရားတွေက ငါ့ကို မင်းနဲ့ ဒီမှာ တွေ့အောင်လုပ်ပေးလိုက်တာပဲ…သွားစို့…ငါ့ကို အဲဒီ ကျောက်ရုပ်တုကြီးကို ကူပြီး သတ်ပေးစမ်းပါ…ငါအဲဒီဝိညာဉ်လက်နက်တွေနဲ့ ဆေးပုလင်းတွေကို လိုချင်တယ်"
       ဟွမ်တနျူ၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။

      သဘာဝကျကျပင်   သွမ့်လင်းထျန်သည် ဟွမ်တနျူပြောသည့် ကျောက်ရုပ်အကြောင်းကိုသိသည်။ သူတို့သည် သူအစောပိုင်းကဖျက်ဆီးခဲ့သော စင်္ကြံလမ်းမှ လူသားရုပ်တုများဖြစ်သည်။ ထိုကျောက်ရုပ်တုများသည် သူ့အတွက် ဘာမှမဟုတ်သော်လည်း ဟွမ်တနျူအတွက်တော့ သန်မာလှသည်။

      “သွားစို့"
     လေး‌‌ယောက်တစ်ခန်းကျောက်တုံးခန်းဖွင့်ဖို့ တစ်နာရီလောက် လိုသေးသဖြင့် သွမ့်လင်းထျန်သည် ဟွမ်တနျူ၏ နောက်လိုက်ကာ ဟွမ်တနျူလာသော စင်္ကြံလမ်း၏ နောက်သို့ လိုက်သွားသည်။
       နောက်ထပ်တစ်ဖန် သတ်ဖြတ်ပွဲတစ်ခုဖြစ်ပွားလာခဲ့သည်။
      သွမ့်လင်းထျန်သည် ဟွမ်တနျူအနိုင်မယူနိုင်သည့် သားရဲရုပ်များနှင့် လူသားရုပ်များအားလုံးကို အနိုင်ယူခဲ့သည်။
     ထိုစဉ်အတောအတွင်း ဟွမ်တနျူ လုပ်သမျှမှာ သက်တောင့်သက်သာဖြင့် ဆေးပုလင်းများနှင့် ဝိညာဉ်လက်နက်များကို ယူခြင်းဖြစ်သည်။

     သူကလေးတစ်ယောက်ပမာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှိနေသည်။

      “တနျူ ငါမင်းကို ပြောစရာရှိသေးတယ်"
      သွမ့်လင်းထျန်သည် ပျော်ရွှင်နေသော ဟွမ်တနျူကို မြင်ချိန်၌ သူ့ကို နေ့ခင်းကြောင်တောင်အိပ်မက်မှ နိုးထလာစေဖို့အတွက် ရေအေးတစ်ပုံးဖြင့် လောင်းချရန် စီစဉ်လိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now