1111 - 1115

123 8 0
                                    

အပိုင်း(၁၁၁၁)မဟာခံစားချက်စွန့်ပယ်ခြင်းကျင့်စဉ်

  
      ခံစားချက်ဖြတ်တောက်ခြင်းဂိုဏ်းတွင်…

    အပြာရောင်အ၀တ်အစားနှင့်လူရွယ်က သီးသန့်နေရာ၌ ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်၌ စိမ်းပြာရောင်လှိုင်းလုံးများ ဝေဝဲနေသည်။ ၎င်းကရေအနှစ်သာရဖြစ်သည်။

     ကောင်းကင်၌ ရှေးဦးချိုနဂါးအရိပ်၂၀၀ခန့် ရှိနေသည်။ သူတို့သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းရင်း အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ဖြစ်နေပုံရသည်။
        ထိုနေရာတွင် ထိုင်နေသော အစိမ်းရောင်အ၀တ်အစားနှင့် လူရွယ်သည် သူ၏ မူလစွမ်းအင်ကို နည်းနည်းမျှ အသုံးမပြုထားပေ။
     တစ်နည်းဆိုရပါက သူ၏  ရေအနှစ်သာရတစ်ခုတည်းဖြင့် ရှေးဦးချိုနဂါးအရိပ်၂၀၀ ဖန်တီးနိုင်ခြင်းဖြစ်သည်။
     သူသည် ပထမအဆင့်အဆင့်မြင့်ရေအနှစ်သာရကို နားလည်ထားခြင်းဖြစ်ကြောင်း သိသာသည်။

    အချိန်က တိတ်တဆိတ်ကုန်ဆုံးနေသည်။ မည်မျှကြာသွားမှန်းမသိ အစိမ်းရောင်အ၀တ်အစားနှင့် လူရွယ်၏ အနီးတွင်ရှိသော လှိုင်းလုံးများသည် ရုတ်တရက် တုန်လှုပ်သွားပြီး ရေမြူလှိုင်းများ ထွက်လာသည်။
      ၎င်းသည် မိုးရွာပြီးနောက် တိုက်ခတ်သော လေပြည်လေညင်းပမာဖြစ်သည်။ မြူများထဲမှ ရေစက်လေးများထွက်ပေါ်လာပြီး ဥယျာဉ်ထဲတွင်ရှိသော သစ်ပင်များကို ပက်ဖြန်းကာ သန်မာသော အသက်စွမ်းအင်ရှိလာစေသည်။

      ရုတ်တရက် လှိုင်းလုံးများဖုံးလွှမ်းနေသော အပြာရောင်အ၀တ်အစားနှင့်လူရွယ်  မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် တောက်ပသော အလင်းတစ်ခုယှက်ပြေးသွားပြီး ရေရွတ်လိုက်သည်။
       “မဟာ…မဟာခံစားချက်စွန့်ပယ်ခြင်းကျင့်စဉ်…ရေက အကန့်အသတ်ရောက်ရင် ရေခဲအဖြစ် သိပ်သည်းမယ်"
    သူ့ပါးစပ်မှ ထိုစကားထွက်လာသည်နှင့် တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ ထုတ်ဖော်နေသော လှိုင်းများသည် အရိုးခိုက်အောင် အေးစက်သွားသည်။
    မကြာခင်၌ လှိုင်းများက သိပ်သည်းကာ ထူထဲသော ရေခဲအလွှာတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
     ထူထဲသော ရေခဲသည် အပြာရောင်အ၀တ်အစားနှင့်လူရွယ်ကို လွှမ်းခြုံသွားသည်။ သို့သော်လည်း သူသည် ဘာကိုမျှ သတိမထားမိပုံရသည်။ သူ၏ မျက်နှာ  တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပြီး ရပ်တန့်ခြင်းမရှိဘဲ  ဆက်လက်ရွတ်ဆိုနေသည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးTempat cerita menjadi hidup. Temukan sekarang