1236 - 1240

71 4 0
                                    

အပိုင်း(၁၂၃၆)အပြန်

    “ဒါက အရမ်းကို မြန်လိုက်တာ…”
     တစ်စုံတစ်ယောက်သည် တုန်လှုပ်စွာဖြင့်ရေရွတ်လိုက်သည်။

     “နှစ်နှစ်တောင်ကြာသွားပြီ… သွမ့်လင်းထျန်ရဲ့ သိုင်းအဆင့်က ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်ကို ချိုးဖျက်သွားပြီနဲ့တူတယ်…”
     တစ်စုံတစ်ယောက်ခန့်မှန်းလိုက်သည်။ အများစုက ထိုလူ၏ခန့်မှန်းချက်ကို  သဘောတူသည်။

     “ဒါ တကယ်ကို ကံဆိုးတာပဲ… သူရဲ့ ပါးစပ်ပေါက်ကြောင့် သူဒီလို ဒုက္ခရောက်တာပဲ… သူက နီလာကောင်းကင်နိုင်ငံကို စော်ကားရုံတင်မကဘူး ဒါကို သွမ့်လင်းထျန်ရှေ့မှာတောင် ပြောခဲ့တယ်…”

     “အမှန်ပဲ… နီလာကောင်းကင်နိုင်ငံက သွမ့်လင်းထျန်ရဲ့ ဇာတိမြေဆိုတာ သူမသိဘူးလား…”

     “ဟား ဟား… သူက သွမ့်လင်းထျန်ရှိတာကိုမသိလို့ သွေးချောင်းစီးမဲ့ နီလာကောင်းကင်နိုင်ငံကို ကြည့်ဖို့ အရမ်းစိတ်အားထက်သန်နေတယ်လို့ ပြောခဲ့တာဖြစ်မယ်”

      ………

     စားသောက်ဆိုင်ထဲတွင်ရှိသော ဧည့်သည်များသည် ဆက်လက်၍ လှောင်ပြောင်လိုက်ကြသည်။ လှောင်သံများအားလုံးက သူငယ်ချင်းနှစ်ယောက်၏ တွဲခေါ်ခြင်းခံထားရသော လူရွယ်၏ နားထဲ၀င်သွားသည်။

      “ဝေါ့…”
     လူရွယ်သည် ဒေါသကြောင့် နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်သည်။

     သဘာဝကျကျပင် သွမ့်လင်းထျန်သည် စားသောက်ဆိုင်တွင်ဖြစ်ပွားနေသော နောက်ဆက်တွဲအရာများကို မသိပေ။ သွမ့်လင်းထျန်သည် စားသောက်ဆိုင်မှထွက်လာပြီးနောက် ဆက်လက်၍  မြို့ငယ်လေးမှထွက်ခွာလာကာ နီလာကောင်းကင်နိုင်ငံသို့ ဦးတည်သွားလိုက်သည်။

    မီးနတ်သမီးပမာအနီရောင်ပုံရိပ်တစ်ခုသည် သွမ့်လင်းထျန်၏အနောက်မှ အရိပ်သဖွယ်လိုက်လာသည်။

     “အစ်ကိုသွမ့်… အစ်ကို အခု နီလာကောင်းကင်နိုင်ငံကို သွားမလို့လား…”
     ဖုန်ထျန်းဝူသည် ယခင်က သွမ့်လင်းထျန်နှင့်အတူ နီလာကောင်းကင်နိုင်ငံသို့‌ ရောက်ဖူးသည်။ လက်ရှိ၌ သူတို့သည် နီလာကောင်းကင်နိုင်ငံသို့ ဦးတည်သွားနေကြောင်းကို သူမအလွယ်တကူပြောနိုင်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now