1126 - 1130

102 6 0
                                    

အပိုင်း(၁၁၂၆)သူက ငါ့ရဲ့ အစ်ကိုသွမ့် မလို့ပဲ…

     “ကျုပ် ကန့်ကွက်စရာမရှိပါဘူး"
      သွမ့်လင်းထျန် အရေးမစိုက်စွာ ပခုံးတွန့်လိုက်သည်။ သူ တိုက်ပွဲတွင် ပါဝင်ရသည့်အကြောင်းအရင်းမှာ နဝမအဆင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခုကိုရဖို့ဖြစ်သည်။
     သူ သူ့ပြိုင်ဘက်ကို သတ်ရရ မသတ်ရရ ကိစ္စမရှိပေ။
     အရေးကြီးဆုံးလူဖြစ်သည့် သူ့ရှေ့တွင်ရပ်နေသော နေလဂိုဏ်း၏ တပည့်လုခိုင်သည် သူ၏ သတ်ဖြတ်ချင်စိတ်ကို လှုံ့ဆော်မည့်မည်သည့်အရာကိုမျှ မပြုလုပ်သေးပေ။

       “ငါတို့ နေလဂိုဏ်းကို ရန်စတဲ့သူမှန်သမျှသေရမယ်"
       လုခိုင်၏ အသံက အေးစက်ကာ သွေးဆာလောင်သည်။ သူ၏ စကားမှတစ်ဆင့် သူသည် သွမ့်လင်းထျန်ကိုသတ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း သိသာသည်။

        သွမ့်လင်းထျန်၏ မျက်လုံးများ မှေးစင်းသွားသည်။ သူ၏ နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခုပေါ်လာသည်။ အစောပိုင်းက သူ လုခိုင်၏ အသက်ကို ချမ်းသာပေးရမလား မပေးရမလားကို စဉ်းစားနေသေးသည်။
     သို့သော်လည်း ယခု လုခိုင်ပြောလိုက်သောစကားက သူ၏ မူလအစီအစဉ်ကို လုံး၀ဖျက်ဆီးပစ်ခဲ့သည်။
     ဘယ်သူမဆို ကိုယ်ပြောသည့်စကားအတွက် ကိုယ်တာဝန်ယူရမည်။
    သွမ့်လင်းထျန်နှင့် လုခိုင်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြသည်။ သူတို့သည် ချက်ချင်းပင် လူအားလုံး၏ အာရုံကို ဖမ်းစားသွားသည်။

       “ဒီသွမ့်လင်းထျန်က တကယ်နဝမအဆင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခုကိုထုတ်နိုင်တာ အံ့ဩစရာပဲ…ဒါပေမဲ့ ပိုအံ့ဩစရာက သူက နေလဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့လောင်းရဲတာပဲ"

       “သူကနေလဂိုဏ်းရဲ့တပည့်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်လို့ မပြောနဲ့နော်"
  
      “နေလဂိုဏ်းရဲ့ တပည့်က နေလဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် နာမည်တပ်ခေါ်ထားတာဆိုတော့ သူ့ရဲ့စွမ်းအားက မရိုးရှင်းလောက်ဘူး"

       “ဒီသွမ့်လင်းထျန်က ဟန်ဆောင်နေတာဖြစ်မယ်…သူမကြာခင် အရေခွံကွာကျတော့မှာပဲ"
  
      ………

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now