1066 - 1070

137 10 0
                                    

အပိုင်း(၁၀၆၆)ကျေးဇူးကန်းသောဟူဖေး

     ယနေ့အဖြစ်အပျက်က နိဂုံးချုပ်သွားပါပြီ။

    သို့သော်လည်း သစ်သားတောင်၏ အကြီးအကဲ ဟဲကန်သည် သူ၏ သိုင်းအဆင့်ကို ဖျက်ဆီးလိုက်သည့်သတင်းက သစ်သားတောင်တစ်ခွင်လုံးကို အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် ပျံ့နှံ့သွားပြီး ဒြပ်စင်ငါးခုဂိုဏ်း၏ တခြားတောင်လေးတောင်ကိုပင် ပျံ့နှံ့သွားသည်။

    ထိုအချိန်၌ တောင်ငါးတောင်၏ အဖွဲ့ဝင်အားလုံးသည် သစ်သားတောင်သို့မကြာသေးခင်က ရောက်လာသော တပည့်နှစ်ယောက်က ဟဲကန်၏ သိုင်းအဆင့်ကို ဖျက်ဆီးစေခဲ့ကြောင်း သိရှိသွားကြသည်။

   သွမ့်လင်းထျန်နှင့် ဟွမ်တနျူတို့က လုံး၀ကျော်ကြားလာခဲ့သည်။

     မြေတောင်တွင်…

     ၎င်းသည် တောင်ငါးတောင်တွင် အနိမ့်ဆုံးတောင်ဖြစ်သော်လည်း ဒြပ်စင်ငါးခုဂိုဏ်း၏ တခြားတောင်လေးခုနှင့် နှိုင်းယှဉ်လျှင်သာဖြစ်သည်။
     အကယ်၍ တခြားမည်သည့်တောင်နှင့် ယှဉ်ယှဉ် မြေတောင်က ဧရာမသတ္တဝါကြီးတစ်ကောင်လို အလွန်မြင့်မားမတ်စောက်နေသေးသည်။
      မြေတောင်သည် တိမ်စိုင်များထိအောင် ထိုးခွင်းနေသည်။ အဝေးကကြည့်ပါက တစ်စုံတစ်ယောက်သည် ထိပ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်မည်မဟုတ်ချေ။
         မြေတောင်၏ တောင်လယ်ခန့် ကျယ်ပြောသော လမ်းတစ်ခုရှိပြီး  ကြီးမားသော နန်းတော်တစ်ခုတည်ဆောက်ထားသည်။
    ထိုနေရာသည် မြေတောင်၏ အစည်းအဝေးခန်းမဖြစ်ပြီး ပုံမှန်အားဖြင့် မြေတောင်၏ အဆင့်မြင့်ပုဂ္ဂိုလ်များက  ထိုနေရာတွင် ဆွေးနွေးမှုများပြုလုပ်တတ်သည်။

      “တောင်ပိုင်"
      ခရီးတစ်ခုမှ ပြန်လာကာ ပင်ပန်းနွမ်းနယ်နေပုံရသော အဘိုးအိုတစ်ယောက်သည် အစည်းအဝေးခန်းမထဲတွင် မတ်တတ်ရပ်၍ ဦးဆောင်နေရာတွင် ထိုင်နေသော ဝတုတ်တုတ်သက်လတ်ပိုင်းလူတစ်ယောက်ကို လေးလေးစားစားဖြင့် ဦးညွှတ်လိုက်သည်။

      ဝတုတ်တုတ်သက်လတ်ပိုင်းလူသည် အဝါရောင်ဝတ်စုံဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်က ပုတိုတိုနှင့်ဖြစ်သည်။
       သူသည် ၁.၅မီတာခန့်သာရှည်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးOù les histoires vivent. Découvrez maintenant