1091 - 1095

105 4 0
                                    

အပိုင်း(၁၀၉၁)ဝိညာဉ်အတတ်ပညာမရှိတော့ပါ

     ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…

    ရုတ်တရက် ဒြပ်စင်ငါးခုဂိုဏ်း၏ ဂိုဏ်းချုပ် ကောချုံ လှုပ်ရှားလိုက်သည်။ သူသည် သူ၏ လက်ကိုမြှောက်၍ တောက်ပနေသော မူလကျောက်တုံးများကို ပစ်လွှတ်လိုက်သည်။ မူလကျောက်တုံးများက ကျယ်ပြော‌သည့်စင်၏ ထောင့်လေးထောင့်ပေါ်သို့ကျသွားသည်။

     မူလကျောက်တုံးလေးတုံး ကျသွားသည်နှင့်တစ်ချိန်တည်းမှာပင် မြင့်မားသောစင်တစ်ခုလုံးမှ အဖြူရောင်မြူခိုးများပေါ်ထွက်လာပြီး စင်ပေါ်တွင်ရှိသော လူရွယ်ဆယ်ယောက်ကို  လွှမ်းခြုံသွားသည်။ ၎င်းသည် မှော်ကမ္ပည်းအစီအရင်ဖြစ်ကြောင်း သိသာထင်ရှားသည်။ သို့မဟုတ် ပိုမိုတိကျစွာပြောရပါက ၎င်းသည် နက်နဲပေါင်းစပ်အစီအရင်ဖြစ်သည်။

     မူလကျောက်တုံးလေးတုံး မြင့်မားသော စင်၏ ထောင့်လေးထောင့်ပေါ်သို့ ကျသည်နှင့်တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်၏ စိတ်ထဲတွင် စုစည်းထားသော စိတ်စွမ်းအားများ ထွက်ပေါ်လာသည်။

    စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ စိတ်စွမ်းအားသည် နက်နဲပေါင်းစပ်အစီအရင်ကို ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော ပစ္စည်းများဆီပျံ့နှံ့သွားပြီး အစီအရင်နှင့် ရေထဲက ငါးကဲ့သို့ ချောမွေ့စွာ ပေါင်းစပ်သွားသည်။

       “ဟုတ်ပြီ…အခုအနှစ်သာရမှတ်ဉာဏ်အပိုင်းအစရာချီကို စောင့်ရုံပဲ…ဒီအပိုင်းအစတွေသာ နက်နဲပေါင်းစပ်အစီအရင်ကို ထိလိုက်တာနဲ့ ချက်ချင်းသန့်စင်ပြီး အနှစ်သာရစွမ်းအင်အဖြစ်ပြောင်းလဲပစ်မယ်…ယေဘုယျအားဖြင့် အစီအရင်ထဲမှာရှိတဲ့လူတွေက အနှစ်သာရစွမ်းအင် တစ်ရာခိုင်နှုန်းကျော် ပိုမစုပ်ယူနိုင်ဘူး…ဒါပေမဲ့ ငါ့မှာရှိတဲ့ လက်ရှိအခွင့်အရေးရယ် ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာရဲ့ နက်နဲပေါင်းစပ်အစီအရင်အပေါ် နားလည်မှုအရဆို ငါအနှစ်သာရစွမ်းအင်တစ်ဆယ်ရာခိုင်နှုန်းလောက်စုပ်ယူပြီး ငါ့ရဲ့ အနှစ်သာရနားလည်မှုကို တိုးမြှင့်နိုင်တယ်"
       ၎င်းမှာ သွမ့်လင်းထျန် ရည်မှန်းထားသောအရာဖြစ်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora