အပိုင်း(၁၂၁၁)ခြိမ်းခြောက်မှုတစ်ခု
“ဘာဖြစ်တာလဲ… ဘာလို့ ငါတို့ကောင်းကင်ဝံပုလွေခံတပ်ရဲ့ တပည့်တစ်ယောက်မှ မထွက်လာသေးတာလဲ…”
“ကျီရှန့် ဘယ်မှာလဲ….”
…….ကောင်းကင်ဝံပုလွေခံတပ်၏ ခံတပ်မှူးငါးယောက်သည် မတည်ငြိမ်နိုင်တော့ပေ။ သူတို့သည် တစ်စုံတစ်ခုလွဲမှားနေသလို ခံစားရသည်။
နေလဂိုဏ်း၏ ဂိုဏ်းချုပ် ချန်းဖန်၏ လက်အောက်တွင်ရှိသော နေလဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များသည်လည်း မျက်နှာသိပ်မကောင်းကြပေ။
ထိုအချိန်၌ အထဲတွင် တစ်စုံတစ်ခုဖြစ်ခဲ့ကြောင်းကို သူတို့ ရိပ်မိလိုက်သည်။“ကောင်းကင်ဝံပုလွေခံတပ်ရဲ့ ဒုခံတပ်မှူးတွေက သူတို့ရဲ့ တပည့်တွေထွက်လာဖို့ စောင့်နေသေးတာလား…”
ကောင်းကင်ဝံပုလွေခံတပ်၏ ဒုခံတပ်မှူးငါးယောက်၏ မျက်နှာအမူအရာအပြောင်းအလဲသည်ဒြပ်စင်ငါးခုဂိုဏ်း၊ ဓားဂိုဏ်း၊ ကောင်းကင်ဘုရားကျောင်းနှင့် ခံစားချက် ဖြတ်တောက်ခြင်းဂိုဏ်းမှ တပည့်များကို ထူးဆန်းသောအမူအရာဖြင့် ဖြစ်သွားစေသည်။“ကြည့်ရတာ သူတို့က ကောင်းကင်ဝံပုလွေခံတပ်က တပည့်နှစ်ဆယ်လုံး သေသွားပြီဆိုတာ မသိသေးတဲ့ပုံပဲ…”
“ငါတို့ထဲက ဘယ်သူမှ မပြောတော့ သူတို့မသိတာ မထူးဆန်းပါဘူး…”
………
တခြားအင်အားစုလေးခုမှ တပည့်များသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောလိုက်ကြသည်။ သူတို့၏ အသံများက မကျယ်သော်လည်း ကောင်းကင်ဝံပုလွေခံတပ်က ခံတပ်မှူးငါးယောက်၏ နားထဲသို့ ရှင်းလင်းစွာဝင်သွားပြီး သူတို့၏မျက်နှာအမူအရာက ကြီးမားစွာပြောင်းလဲသွားသည်။
ကောင်းကင်ဝံပုလွေခံတပ်ရဲ့ တပည့်တွေအားလုံးသေသွားပြီလား…
“ဘာဖြစ်ခဲ့တာလဲ…”
သူတို့ငါးယောက်လုံးသည် ကြောက်စရာကောင်းသောမျက်နှာများဖြင့် ဖြစ်သွားသည်။
အင်အားစုလေးစု၏ တပည့်တချို့ထံမှ ဖြစ်ပျက်သွားသည့် ကိစ္စရပ်များကို သိသောအခါ သူတို့၏မျက်နှာများ မဲမှောင်သွားသည့်အပြင် သူတို့၏ မျက်လုံးထဲတွင် ကူကယ်ရာမဲ့မူတစ်စွန်းတစ်စလည်း ထွက်ပေါ်လာသည်။
သွမ့်လင်းထျန်ကို မသတ်နိုင်ပဲ ချောက်ထဲကျသွားသော ကျီရှန့်အတွက် သေရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
YOU ARE READING
ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီး
Adventureကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai Luminous (သွမ့်လင်းထျန်) လင်းထျန်ဟာ ကြောက်မက်ဖွယ်ရာ လက်နက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ရုံသာမက အတွင်းအား ကျ...