1041 - 1045

131 11 0
                                    

အပိုင်း(၁၀၄၁)ဓားပြများ

     “ပြီးခဲ့တဲ့ကိစ္စတွေ မပြောပါနဲ့တော့"
     ခဲကျန့် ပြောလိုက်သည်။
     “အားလုံးစုံပြီဆိုတော့ ငါတို့သွားသင့်ပြီထင်တယ်"

      “အကြီးအကဲခဲ နေ့လယ်စာစားပြီးမှ သွားပါ့လား"
     ချန်းတုံ သူတို့ကို နေဖို့ ဖျောင်းဖျလိုက်သည်။

     “ရပါပြီ…ခေါင်းဆောင်ချန်း ငါ့ကို ဒီရက်တွေအတွင်း ဧည့်ဝတ်ပြုတာအတွက် ကျေးဇူးတင်ပါတယ်"
     ခဲကျန့် ချန်းတုံကို ခေါင်းညိတ်ပြလိုက်ပြီးနောက်   သွမ့်လင်းထျန်တို့သုံးယောက်လူစုကို ခေါ်၍ ထွက်သွားသည်။

      “ခေါင်းဆောင်ချန်း နှုတ်ဆက်ပါတယ်"
    သွမ့်လင်းထျန်သည် ယဲ့ရွှမ်ကို သူနှင့်အတူခေါ်၍ ချန်းတုံကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

    ချန်းဝေ သူတို့နောက်က အလျင်အမြန် လိုက်သွားသည်။

    သူတို့လေးယောက် လူစုသည် ချန်းကလန်မှ အနောက်ဘက်သို့ဦးတည်၍ ပျံသန်းထွက်ခွာသွားသည်။

    လမ်းတွင် သွမ့်လင်းထျန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
      “အကြီးအကဲခဲ ကျုပ်တို့ ဒြပ်စင်ငါးခုဂိုဏ်းကို ပြန်မှာလား…ဒါမှမဟုတ် တခြားတစ်နေရာရာကို သွားမှာလား"

       “ငါတို့အရင်ဆုံး အခြေချမြို့ကို အရင်သွားမယ်…ငါတို့ရဲ့ သစ်သားတောင်က အဲဒီမှာ စီးပွားရေးတစ်ခုရှိတယ်…မကြာသေးခင်က စုဆောင်းထားတဲ့လူနှစ်ယောက်ကလည်း အဲဒီမှာရှိတယ်"
     ခဲကျန့်ပြောလိုက်သည်။

      “ဟုတ်ကဲ့"
    သွမ့်လင်းထျန် ခေါင်းညိတ်လိုက်သည်။

     “အကြီးအကဲခဲ…ကျုပ်ကို ဒြပ်စင်ငါးခုဂိုဏ်းရဲ့ အခြေအနေကိုပြောပြလို့ရမလား"
     သွမ့်လင်းထျန် မေးလိုက်သည်။

    ခဲကျန့် ခေါင်းညိတ်၍ မိတ်ဆက်ပေးလိုက်သည်။
     “ငါတို့ရဲ့ ဒြပ်စင်ငါးခုဂိုဏ်းကို ရွှေတောင် သစ်သားတောင် မီးတောင် ရေ‌တောင်နဲ့ မြေတောင်တွေဆိုပြီးတော့ ခွဲခြားထားတယ်…ဂိုဏ်းချုပ်နေတဲ့ ပင်မတောင်ဖြစ်တဲ့ ရွှေတောင်ကလွဲလို့ တခြားတောင်လေးတောင်က အဆင့်အတန်းတူပြီးတော့ တောင်ပိုင်လေးယောက်က ကြီးကြပ်တယ်…တောင်လေးခုလုံးက ပြိုင်ဆိုင်တဲ့အခြေအနေရှိပြီးတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်း ငါတို့ရဲ့ သစ်သားတောင်က အခြေအနေ ဆိုးရွားတဲ့အနေအထားမှာရှိတယ်"
      ထိုအကြောင်းပြောချိန်၌ ခဲကျန့် သက်ပြင်းလေးလေး ချလိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now