1081 - 1085

130 5 0
                                    

အပိုင်း(၁၀၈၁)ကျုပ်စတာပါ

      သွမ့်လင်းထျန်၏ ပါးစပ်မှ ထိုစကားများထွက်လာချိန်တွင် သူ့ဝန်းကျင်တွင်ရှိသော လူများက ချပိုင်ကို ကြည့်လိုက်သည်။

      ချပိုင် ကိုးကိုးကောင်းကင်ကပ်ဘေးအား တိုင်တည်၍ ကျိန်ဆိုရဲခြင်းရှိမရှိကို သိချင်သလိုဖြစ်သည်။ အကယ်၍ သူ ထိုကဲ့သို့ လုပ်ရဲပါက  သွမ့်လင်းထျန်က မဟုတ်မမှန်စွပ်စွဲသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် မလုပ်ရဲပါ သူအစောပိုင်းက  သွမ့်လင်းထျန်ကို တကယ်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုလိုသည်။

    ပတ်ဝန်းကျင်က အကြည့်များနှင့် ရင်ဆိုင်ရချိန်၌ ချပိုင်သည် ၎င်းတို့အားလုံးကို မျက်ကွယ်ပြုလိုက်သည်။ သူသည်  သွမ့်လင်းထျန်ကိုကြည့်၍ နှာခေါင်း ရှုံ့လိုက်သည်။
     “ဘာလို့ ငါ့လို တောင်ပိုင်တစ်ယောက်က မင်းလို သစ်သားတောင်တပည့်တစ်ယောက်ရဲ့ တောင်းဆိုမှုနဲ့ ကျိန်ရမှာလဲ…မင်းကအဲလိုလုပ်ဖို့ အရည်အချင်း မရှိဘူး"

      “တောင်ပိုင်ချပိုင်က ဒီလိုပြောမှတော့…"
    ထိုစကားပြောရင်း သွမ့်လင်းထျန် စကားရပ်၍ သူ့လက်ကိုဖောက်လိုက်သည်။ သွေးတစ်စက် ကောင်းကင်သို့ ထိုးတက်သွား၏။

      ချပိုင် ၎င်းကိုမြင်ချိန်၌ သူ၏ မျက်နှာချက်ချင်းဖြူဖျော့သွားသည်။ သွမ့်လင်းထျန် မည်သည့်အရာအားလုပ်ဖို့ ကြံနေကြောင်းကို သူခန့်မှန်းနိုင်သည်။
    သူ သွမ့်လင်းထျန်ကို တားချင်သော်လည်း သစ်သားတောင် တောင်ပိုင် ချီယု၏ မျက်လုံးများက သူ့ပေါ်ကျရောက်နေကြောင်းကို သူ သိသည်။ အကယ်၍ သူ သွမ့်လင်းထျန်ကို တစ်ခုခုလုပ်ပါက ချီယုက သူ့ကိုတိုက်ခိုက်မည်ဖြစ်ကြောင်း သံသယမရှိပေ။

      “ကျုပ် သွမ့်လင်းထျန် ကိုယ့်သွေးနဲ့ ကိုယ်ကျိန်ဆိုတယ်…အစောပိုင်းက ကျုပ်ပြောခဲ့တဲ့စကားတွေထဲမှာ မုသားတစ်ခုပါရင် ကျုပ် ကိုးကိုးကောင်းကင်ကပ်ဘေးရဲ့ ဒဏ်ခတ်ခံရပါစေ"
       သွမ့်လင်းထျန်၏ ပါးစပ်က ထိုစကားများထွက်လာချိန်၌ ကောင်းကင်တွင် မိုးခြိမ်းသံကိုးသံပေါ်လာသည်။

    သို့ရာတွင် ကောင်းကင်က မည်သည့်အပြစ်ပေးမိုးကြိုးမှ ဆင်းသက်လာမည့်အရိပ်အယောင်မရှိပေ။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now