1136 - 1140

108 7 0
                                    

အပိုင်း(၁၁၃၆)အောက်ခြေမရှိသော တွင်းနက်ကြီးထဲက ထွက်ပေါ်လာသော အမျိုးသားနှင့် အမျိုးသမီး

       “ဟုတ်တယ်"
    သွမ့်လင်းထျန် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်၌ သူ၏ ရှေ့တွင်ရှိသော အလွန်လှပသော မိန်းကလေးကို စိုက်ကြည့်ရင်း သူ၏  အမြင်အာရုံက အနည်းငယ်ရီဝေလာသည်။
       ထျန်းဝူ အဘယ်ကြောင့်ကျလာသည်ကို သူ့အတွက် အများကြီးတွေးစရာမလိုဘဲ အလွယ်တကူ ခန့်မှန်းနိုင်သည်။ ၎င်းမှာ အစောပိုင်းက သူမသည် သူ့နောက်ကလိုက်၍ ခုန်ချခဲ့ခြင်းဖြစ်သည်။
     ထိုအချိန်တွင် သွမ့်လင်းထျန်၏ နှလုံးသားက အလွန်တရာတင်းကျပ်လာသည်။ အချိန်အတော်ကြာပြီးနောက်မှသာ သူ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။

      “သူ့ရဲ့ နှလုံးသားထဲမှာ ငါ့ရဲ့ဖြစ်တည်မှုက သူ့ရဲ့အသက်ထက်တောင် ပိုအရေးပါတာလား"
        သွမ့်လင်းထျန် တီးတိုးရေရွတ်လိုက်သည်။
     ယခုအချိန်၌ ဖုန်ထျန်းဝူကို ကြည့်သော သူ၏ အကြည့်ထဲတွင် နူးညံ့သိမ်မွေ့မှုများ ပါလာခဲ့ငည်။ ၎င်းသည် အချိန်အတော်ကြာ မပြသခဲ့သော နူးညံ့သိမ်မွေ့မှုများဖြစ်သည်။ ယင်းသည်  ယခင်က သူ့ဇနီးလောင်းနှစ်ယောက်အပေါ်တွင်သာ ဖြစ်ပေါ်လာတတ်သော ခံစားမှုမျိုးဖြစ်သည်။

     “အစ်ကို…အစ်ကိုသွမ့်…အစ်ကိုဘာလို့ ညီမကို ဒီလိုကြည့်နေတာလဲ"
    အစက ဖုန်ထျန်းဝူသည်   သွမ့်လင်းထျန်အား နတ်ဆိုးကျောက်ပြား၏ ပြောင်းလဲမှုအကြောင်း မေးလိုခဲ့သည်။ သို့သော်လည်း ခေါင်းမော့ကြည့်လိုက်ချိန်၌   သွမ့်လင်းထျန်သည် သူမကို ရွှန်းလဲ့သောမျက်လုံးများဖြင့် ကြည့်နေကြောင်းကို သတိထားမိလိုက်သည်။
      သူ၏ အကြည့်က အလွန်နူးညံ့ပြီး သူမ၏ နှလုံးသားကို လုံး၀အရည်ပျော်ကျသွားစေသည်။
    ထိုအချိန်၌ သူမ ဘာကြောင့်မှန်းမသိ ငိုပင်ငိုချင်လာသည်။

     “ဘာ…ဘာမှမဟုတ်ပါဘူး"
     သွမ့်လင်းထျန် အသက်ပြင်းပြင်းရှိုက်၍ အဝေးကို မျက်လုံးလွှဲပြီးနောက် ရယ်လိုက်သည်။
     “သွားစို့… အစ်ကိုတို့ အပေါ်တက်ရအောင်"
     သွမ့်လင်းထျန်၏ ပါးစပ်မှ ထိုစကားထွက်လာချိန်၌ သူသည် ဖုန်ထျန်းဝူကိုကိုင်၍ အပေါ်သို့ ပျံသန်းသွားသည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now