1151 - 1155

101 11 1
                                    

အပိုင်း(၁၁၅၁)ဝိညာဉ်သစ်သီးသုံးလုံး

      ဖန်ပေါင်၏ သတိပေးစကားကို ကြားချိန်၌   သွမ့်လင်းထျန်၏ နှလုံးသားထဲတွင် နွေးထွေးမှုများ စီးဆင်းသွားသည်။
     သူနှင့် ဖန်‌ပေါင်၏ ကြားက အလဲအလှယ်သည် ညီတူညီမျှ လဲလှယ်မှုသာဖြစ်သည်။
     သို့ရာတွင် ဖန်ပေါင်သည် ထိုသို့လုပ်သောကြောင့် သူသည် အတော်လေးထိုက်တန်သော မိတ်ဆွေတစ်ယောက်ဟု ဆိုလိုသည်။

       “ကောင်းပြီ"
     သွမ့်လင်းထျန် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

      “ဒီလိုဆို ငါအရင်သွားတော့မယ်…ဂရုစိုက်ဦးနော်"
      ဖန်ပေါင် သွမ့်လင်းထျန်ကို ခေါင်းညိတ်ပြလိုက်သည်။
   သွမ့်လင်းထျန်ကို နှုတ်ဆက်စကားဆိုပြီးနောက် သူ အဝေးသို့ ပျံသန်းသွားသည်။

     ဖန်ပေါင် ထွက်ခွာသွားပြီးနောက်  သွမ့်လင်းထျန်လည်း ထွက်လာခဲ့သည်။
    သို့သော်လည်း သူဦးတည်သည့် အရပ်မျက်နှာမှာ ဖန်ပေါင်ထွက်ခွာသွားသည့် အရပ်မျက်နှာနှင့် မတူပေ။

     ဂူတွင် ထွက်ပေါက်ခုနှစ်ပေါက်ရှိပြီး ထွက်ပေါက်တိုင်းက မတူညီသော နေရာတစ်ခုကို ဦးတည်သည်။
     သူသည် ဖန်ပေါင်နှင့် မတူသည့် ထွက်ပေါက်တစ်ခုကိုသာ ရွေးချယ်ခဲ့သည်။
    ထိုဂူသည် သိုင်းအင်ပါယာ၏ လျှို့ဝှက်ရတနာသိုက်ရှိ ထောင်ပေါင်းများစွာထဲက ဂူတစ်ခုသာဖြစ်သည်။

      ဘန်း…ဘန်း…ဘန်း…ဘန်း…ဘန်း…

      ………

     အသီးအရွက်အနံ့များ ဖုံးလွှမ်းနေသည့် စိုစွတ်သောဂူတစ်ဂူထဲ၌ စွမ်းအင်ချင်း ထိခတ်သံများနှင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ ၎င်းသည် အချိန်အတော်ကြာသည်အထိ မရပ်တန့်နိုင်ပေ။
      ပုံရိပ်နှစ်ခုသည် တစ်ယောက်နှင့်တစ်ယောက် ဆက်တိုက်တိုက်ခိုက်နေကာ တစ်ခါတစ်ရံ၌ ထိပ်တိုက်ရင်ဆိုင်နေပြီး တစ်ခါတစ်ရံ၌ လူချင်းကွဲထွက်သွားသည်။
      သူတို့သည် စွမ်းအားက အတော်လေးညီတူမျှတူဖြစ်နေပုံရသည်။

     သို့သော်လည်း သူတို့၏ ခြေဖဝါးအောက်တွင် အက်ရာများပေါ်လာကြောင်းကို မည်သူမျှ သတိမထားမိပေ။ အက်ကွဲကြောင်းများသည် တစ်ခုနှင့် တစ်ခုထူထပ်စွာရောယှက်နေပြီး ဧရာမပင့်ကူအိမ်ကြီးပမာ ပျံ့နှံ့နေသည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now