အပိုင်း(၁၁၉၆)စတုတ္ထအဆင့်
မြောက်နယ်သာဂိုဏ်း၏ တပည့်ဖြစ်စေ သို့မဟုတ် အီဇူမိုဂိုဏ်း၏ တပည့်ဖြစ်စေ နှစ်ယောက်လုံးသည် သူတို့၏ ရှေ့မှ မြင်ကွင်းကို သူတို့၏ မျက်လုံးများဖြင့် ရှင်းလင်းစွာ မြင်နေရသည်။
အနီရောင်အဝတ်အစားဝတ်မိန်းကလေး....
သူတို့ အားအနည်းဆုံးဟုသတ်မှတ်ထားသော မိန်းကလေးသည် အစမှအဆုံးထိ သူမ၏ မူလစွမ်းအင်ကို တစိုးတစိမှ အသုံးမပြုထားပေ။
သူမ၏ မူလစွမ်းအင်ကို အသုံးမပြုဘဲ သူမ၏ မီးအနှစ်သာရဖြင့် ဆက်သွယ်ရုံဖြင့် ရှေးဦးချိုနဂါး၁၀၀၀၏ ခွန်အားကို ထုတ်ဖော်နိုင်သည်။
တစ်နည်းဆိုရသော် ဖုန်ထျန်းဝူ၏ မီးအနှစ်သာရသည် ရှေးဦးချိုနဂါး၁၀၀၀ကျော်၏ ခွန်အားရှိမည်မှာ သေချာပေသည်။ ရှေးဦးချိုနဂါး၁၀၀၀ထုတ်ဖော်နိုင်သော မီးအနှစ်သာရသည် န၀မအဆင့်အဆင့်မြင့်မီးအနှစ်သာရမှ လွဲ၍ တခြားမရှိပေ။ဝှစ်…ဝှစ်…
ဖုန်ထျန်းဝူနားလည်ထားသည့် မီးအနှစ်သာရ၏ အဆင့်ကို သိရှိပြီးနောက် မြောက်နယ်သာဂိုဏ်းနှင့် အီဇူမိုဂိုဏ်းက တပည့်နှစ်ယောက်၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုများဖြစ်ပေါ်လာသည်။ သူတို့နှစ်ယောက်သည် ဖုန်ထျန်းဝူဆီသို့ ပြေးရင်းတန်းလန်း ချက်ချင်းပင် သူတို့၏ အရှိန်ကို နှေးလိုက်သည်။
သူတို့သည် တစ်ယောက်နှင့် တစ်ယောက် တိတ်တဆိတ်ကြည့်လိုက်ကြပြီး နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် နားမလည်နိုင်သော ကြောက်လန့်မှုကို မြင်နိုင်သည်။
“ပြေး"
တစ်စက္ကန့်အတွင်းမှာပင် လူနှစ်ယောက်သည် ဖုန်ထျန်းဝူ၏ ရှေ့တွင် ဆက်တိုက်ခြေလှမ်းရပ်သွားပြီးနောက် အလျင်အမြန်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။သူတို့၏ အမြင်အရ ဖုန်ထျန်းဝူသည် နဝမအဆင့် အဆင့်မြင့်မီးအနှစ်သာရကို နားလည်ထားသောကြောင့် သူမ၏ သိုင်းအဆင့်ကလည်း အတော်မြင့်ရမည်။
နဝမအဆင့် ဟင်းလင်းပြင်ပြောင်းလဲခြင်းအနှစ်သာရ...
ကျန်ရှိသည့် အီဇူမိုဂိုဏ်းနှင့် မြောက်နယ်သာဂိုဏ်းတို့၏ အသန်မာဆုံးလူများပင်လျှင် ဟင်းလင်းပြင်ပြောင်းလဲခြင်းအနှစ်သာရအပေါ် ထိုကဲ့သို့ မြင့်မားသော နားလည်မှုမရှိပေ။
ထိုအကြောင်းအရင်းကြောင့် သူတို့၏ အမြင်အရ ဖုန်ထျန်းဝူသည် သူတို့သက်ဆိုင်ရာ ဂိုဏ်းများ၏ အသန်မာဆုံးလူများထက်ပင် ကြောက်ဖို့ကောင်းသည်။
သူတို့နှစ်ယောက် လှည့်ကာ ထွက်ပြေးတော့မည့်အချိန်၌ ဖုန်ထျန်းဝူ လှုပ်ရှားလိုက်သည်။
YOU ARE READING
ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီး
Adventureကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai Luminous (သွမ့်လင်းထျန်) လင်းထျန်ဟာ ကြောက်မက်ဖွယ်ရာ လက်နက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ရုံသာမက အတွင်းအား ကျ...