1176 - 1180

84 6 0
                                    

အပိုင်း(၁၁၇၆)ပြန်ဆုံခြင်း

      အီဇူမိုဂိုဏ်း၏ တပည့်နှစ်ယောက်သည် နံရံပေါ်တွင် ကပ်နေသော အနက်ရောင်အဝတ်အစားနှင့်လူက မည်သူဖြစ်ကြောင်း သိရှိပြီးနောက် သူတို့၏ မျက်လုံးများ မှေးကျုံ့သွားသည်။ ထိတ်လန့်သွားပြီးနောက် သူတို့ထဲက တစ်ယောက်က မေးလိုက်သည်။
        “မင်းဘာပြောတာလဲ…လန်ကျိ....မင်း.…သူက လန်ကျိလို့ မင်းပြောလိုက်တာလား"

      “မင်းလူမှားတာနေမှာပါ…လန်ကျိက ဘယ်လိုလုပ်အသတ်ခံရမှာလဲ…လန်ကျိက မြောက်ပိုင်းသဲကန္တာရရဲ့ လူတွေထဲမှာ ထိပ်တန်းခြောက်ယောက်ထဲ အလွယ်လေးဝင်တဲ့ဟာကို"
     တခြားလူ၏ မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများရှိနေသည်။

      လန်ကျိဟုပြောခဲ့သော အီဇူမိုဂိုဏ်း၏ တပည့်က ပြတ်သားစွာဖြင့်ပြောလိုက်သည်။
       “ငါလူမှားတာမဖြစ်နိုင်ဘူး…ငါလန်ကျိနဲ့ တစ်ခါတွေ့ဖူးတယ်…သူက ငါ့ကို မသိရင် မသိလိမ့်မယ်…ဒါပေမဲ့ ငါကတော့ သူ့ကို သေချာပေါက် မှတ်မိတယ်"

         တခြားအီဇူမိုဂိုဏ်း၏ တပည့်များသည် ထိုအီဇူမိုဂိုဏ်းက တပည့်များက အလွန်သေချာကြောင်း မြင်ချိန်၌ သူတို့သည် အစပိုင်းတွင် သံသယရှိနေသော်လည်း သူတို့၏ သံသယများကို လုံး၀ပယ်ချလိုက်သည်။

       သူ မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
      “လျှို့ဝှက်ရတနာသိုက်ထဲ ဝင်လာတဲ့သူတွေထဲမှာ ငါတို့ အီဇူမိုဂိုဏ်းရဲ့ စီနီယာအစ်ကိုမိုနဲ့ အာနီကာဂိုဏ်းနဲ့ မြောက်နယ်သာဂိုဏ်းက တခြားတပည့်နှစ်ယောက်ကပဲ သူ့ကို သတ်နိုင်တဲ့စွမ်းရည်ရှိတယ်"

       “မြောက်နယ်သာဂိုဏ်းက လူလား....သူက လန်ကျိနဲ့ ဂိုဏ်းတူပဲ…သူ့အတွက် လန်ကျိကို သတ်စရာအကြောင်းမရှိဘူး…ဒါက စီနီယာအစ်ကိုမို ဒါမှမဟုတ် အာနီကာဂိုဏ်းရဲ့ တစ်ယောက်က လန်ကျိကို သတ်လိုက်တာများလား"
      အီဇူမိုဂိုဏ်း၏ တပည့်သည်  တောက်ပသော မျက်လုံးများဖြင့် ခန့်မှန်းလိုက်သည်။

      “ဒါပဲဖြစ်နိုင်တယ်…စီနီယာအစ်ကိုမိုနဲ့ အီဇူမိုဂိုဏ်းက လူကလွဲလို့ လန်ကျိကို သတ်နိုင်တဲ့ တခြားလူကို ငါမစဉ်းစားမိဘူး"
        အီဇူမိုဂိုဏ်း၏ တခြားတပည့်သည် စိတ်အားထက်သန်စွာဖြင့် သဘောတူလိုက်သည်။
      “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့စီနီယာအစ်ကိုလေကျွန်းက လက်ရှိအီဇူမိုဂိုဏ်းထဲမှာ ဒုတိယအစွမ်းထက်ဆုံးပဲ…အာနီကာဂိုဏ်းက ဒုတိယအသန်မာဆုံးဖြစ်တဲ့ ဖန်ပေါင်တောင်  မြေအနှစ်သာရကို နားလည်ထားတဲ့ လန်ကျိကို အနိုင်ယူနိုင်မှာမဟုတ်ဘူး…ဒီနေရာမှာ သူက မြေစွမ်းအင်ရဲ့ အကူအညီကိုယူနိုင်တယ်"

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now