1061 - 1065

133 10 0
                                    


အပိုင်း(၁၀၆၁)ရုတ်တရက်အခြေအနေအပြောင်းအလဲ

       ဝှစ်…ဝှစ်…ဝှစ်…

      အမျိုးသားများနှင့် အမျိုးသမီးများစွာသည် အချိန်တိုအတွင်းမှာပင် သွမ့်လင်းထျန်နှင့် ဟွမ်တနျူ၏ ရှေ့သို့ ရောက်လာပြီးနောက် သွမ့်လင်းထျန်နှင့် ဟွမ်တနျူကို တံတိုင်းတစ်ခုသဖွယ်ဝန်းရံ၍ ကာကွယ်လိုက်သည်။
      ထိုလူများအားလုံးက သစ်သားတောင်၏ တပည့်များဖြစ်သည်။

      “ဒါ…"
     သွမ့်လင်းထျန်နှင့် ဟွမ်တနျူတို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးထဲ၌ အံ့အားသင့်မှုများ ရှိနေသည်။
     တစ်ချိန်တည်းမှာပင် ထိုသစ်သားတောင်တပည့်များ၏ လုပ်ရပ်က သူတို့ကို တုန်လှုပ်စေကာ သူတို့၏ နှလုံးသားထဲ နွေးထွေးမှု ပေါ်ပေါက်လာသည်။
      ထိုသစ်သားတောင်၏  တပည့်များက  သူတို့ကို ကာကွယ်ပေးခဲ့သည်။

     လက်ရှိ၌ သစ်သားတောင်၏ တပည့်အုပ်သည်  သွမ့်လင်းထျန်နှင့် ဟွမ်တနျူကို နောက်တွင်ထားကာ ကာကွယ်ပြီးနောက် ဟဲကန်ကို နိုးနိုးကြားကြားရှိသော အမူအရာဖြင့် ကြည့်လိုက်သည်။

       “အကြီးအကဲဟဲ…ခင်ဗျားသူတိုကို အန္တရာယ်ပေးလို့မရဘူး…"

      “အကြီးအကဲဟဲ…တကယ်လို့ ခင်ဗျားသူတို့ကို သတ်မယ်ဆိုရင် ကျုပ်တို့ကို အရင်သတ်လိုက်"

     သစ်သားတောင်၏ တပည့်များက တစ်သားတည်း စည်းလုံးနေသည်။
     သူတို့၏ မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေသည်။

     “မင်းတို့…မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ"
    ဟဲကန်သည် အသက်ပြင်းပြင်းရှိုက်လိုက်သည်။ သူ၏ မျက်နှာထက်၌ အံ့အားသင့်မှုများရှိနေသည်။

     သစ်သားတောင်သို့ လောလောလတ်လတ်တွင်မှ ရောက်လာပြီး တပည့်အဖြစ်ပင် စာရင်းမသွင်းရသေးသော လူနှစ်ယောက်သည် သစ်သားတောင်၏ တပည့်များကို ဤကဲ့သို့ လုပ်အောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူလုံး၀မထင်ထားခဲ့ပေ။
       ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက်ငါ့ကိုပြောကြပါဦး...

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDove le storie prendono vita. Scoprilo ora