1001 - 1005

140 12 0
                                    

အပိုင်း(၁၀၀၁)မွေးရာပါဝိညာဉ်ခန္ဓာပိုင်ရှင်တစ်ယောက်၏ ကံကြမ္မာ

    ယီလင်သည် မောကြီးပန်းကြီးအသက်ရှူကာ အဝေးက လှပသော ပုံရိပ်ကိုကြည့်ရင်း သူမ၏ အကြည့်များ ရှုပ်ထွေးသထက် ရှုပ်ထွေးလာခဲ့သည်။
      ဒီမီးနတ်သမီးလိုလှတဲ့ အနီရောင်အဝတ်အစားနဲ့ မိန်းကလေးကို ကောင်းကင်က ကောင်းချီးပေးထားတာလား…
     သူမတွင် ပြိုင်ဘက်ကင်းအောင်လှပသော သွင်ပြင် ရှိရုံသာမက တုန်လှုပ်ဖွယ်ရာစွမ်းအားလည်းရှိသည်။

     “အစက ဒါချင်းမင်းဆက်ရဲ့ ယီလင်က ငါတို့မင်းဆက်ဆယ်ခုက အမျိုးသမီးလူငယ်တွေထဲမှာ နံပါတ်တစ်လို့ ငါထင်ထားခဲ့တာ…ဒက်ခံမင်းဆက်ရဲ့ ဖုန်ထျန်းဝူကမှ ငါတို့မင်းဆက်ဆယ်ခုရဲ့ အမျိုးသမီးကျွမ်းကျင်သူတွေထဲမှာ အသန်မာဆုံးပဲ"

      “ငါဒီလို ပင်ကိုပါရမီနဲ့ ဒီလောက်လှတဲ့မိန်းကလေးကို ပထမဆုံးမြင်ဖူးတာပဲ"

      ….……

    ပတ်ဝန်းကျင်က လူအုပ်ကြီး ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

      နံပါတ်ရှစ်ကတ်ပြားပိုင်ရှင် အိုးချန်သည် အဝေးကောင်းကင်တွင်ရပ်ရင်း ဖုန်ထျန်းဝူကို ကြောက်ရွံ့လေးနက်စွာဖြင့် ကြည့်နေသည်။
     သူ၏ စွမ်းအားက ယီလင်ထက်သာသည်ဟုခံစားရသော်လည်း ယီလင်ထက် အများကြီးမသာပေ။ သူ ဖုန်ထျန်းဝူနှင့် ရင်ဆိုင်ရသည်နှင့် အနိုင်ရဖို့ ယုံကြည်ချက်မရှိပေ။
      အကယ်၍ တခြားတစ်ယောက်ဆိုပါက သူအဆင်ပြေပေသည်။ သို့သော်လည်း ဖုန်ထျန်းဝူသည် အသက်နှစ်ဆယ့်ငါးနှစ်သာရှိသေးသော မိန်းကလေးတစ်ယောက်ဖြစ်ရာ သူ၏ နှလုံးသားထဲတွင် ခါးသီးမှုများ ပြည့်နှက်နေသည်။

      ထိုကဲ့သို့ မိန်းကလေးတစ်ယောက်သည် သူ၏ နှလုံးသားထဲတွင် ယခုကဲ့သို့ ခံစားချက်များ ဖြစ်ပေါ်လာစေသဖြင့် ခါးသီးမှုများပြည့်နှက်နေခဲ့သည်။

      မီးနတ်သမီးသည် ကောင်းကင်သို့ ပျံသန်းသွားပြီး သွမ့်လင်းထျန်၏ ဘေးသို့ ပြန်ရောက်လာသည်။

       “ကောင်းကင်က ထူးချွန်တဲ့ပါရမီရှင်တွေကို မနာလိုတာလား"
     ဓားဆယ့်သုံးနှင့် ဆေဘာငါးတို့သည် ဖုန်ထျန်းဝူကိုကြည့်ရင်း သူ၏ နှလုံးသားထဲ သက်ပြင်းချလိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now