အပိုင်း(၁၂၄၁)သိုင်းဘုရင်တစ်ယောက်၏ တိုက်ခိုက်မှု
အစောကစကားပြောလိုက်သောသူမှာ အနီရောင်အဝတ်စားနှင့်အဘိုးအိုဖြစ်သည်။ သူ၏စကားအရ သူသည် သူ့လုပ်ရပ်အတွက် အကျိုးအမြတ်ယူဖို့ ကြိုးစားနေကြောင်း ထင်ရှားသည်။
“ဟန့်…”
သက်လတ်ပိုင်းလူရွယ်သည် အနီရောင်အဝတ်စားဝတ်အဘိုးအို၏စကားကို ကြားသောအခါ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“ဘာလဲ ငါတို့ အီဇူမိုဂိုဏ်းက ကတိမတည်မှာကို စိုးရိမ်နေတာလား…”
“မဟုတ်ပါဘူး…အဲ့လိုမဟုတ်ပါဘူး”
အနီရောင်အဝတ်စားဝတ်အဘိုးအိုသည် အလွန်တုန်လှုပ်သွားပြီး နဖူးမှချွေးများ စီးကျလာကာ ခေါင်းကို အလျင်အမြန်ခါယမ်းလိုက်သည်။ယခင်က သူသည် အီဇူမိုဂိုဏ်းကို တစ်ခါမျှ မကြားဖူးသော်လည်း ထိုဂိုဏ်းသည် ဟင်းလင်းပြင်ရှင်းလင်းခြင်းနှင့်အထက်အဆင့်ကျွမ်းကျင်သူ ၄ ယောက်ရှိသောကြောင့် အတော်လေးအထင်ကြီးစရာကောင်းသည်။
အကယ်၍ အီဇူမိုဂိုဏ်း၏အကြီးအကဲဖြစ်သော သက်လတ်ပိုင်းလူသည် အနီရောင်အဝတ်စားဝတ်အဘိုးအို၏ စိတ်ထဲက အတွေးများကို သိပါက ထိုလူကို ဒေါသထွက်လို့ ထရိုက်လောက်ပြီဖြစ်သည်။
ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်လား…
အီဇူမိုဂိုဏ်းထဲမှ အထူးချွန်ဆုံးပါရမီရှင်ပင် ဟင်းလင်းပြင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်သည် အီဇူမိုဂိုဏ်းအတွက် ဖုန်သုတ်ရန်ပင် အရည်အချင်းမရှိပေ။“အီဇူမိုဂိုဏ်း…”
သွမ့်လင်းထျန်သည် သက်လတ်ပိုင်းလူ၏စကားများကို ကြားရသောအခါ သူ၏မျက်လုံးများ မှေးစင်းသွားပြီး အေးစက်မှုများဖြစ်ပေါ်လာသည်။သွမ့်လင်းထျန်သည် ၎င်းကို မျှော်လင့်ထားပြီးသားဖြစ်၍ သူကို ဒုက္ခလာပေးမည့်သူများက ဒုတိယတန်းစားအင်အားစုကြီး ၃ ခုထဲမှ တစ်ခုခုဟု အတော်လေးသေချာသည့်တိုင် ပေါက်ဖွားလာသောအမုန်းတရားများကို မထိန်းချုပ်ထားနိုင်ပေ။
သူသည် လက်ရှိအီဇူမိုဂိုဏ်း၏ လူငယ်မျိုးဆက်ထဲက အသန်မာဆုံးနှစ်ယောက်ထဲမှ တစ်ယောက်ကို သတ်လိုက်ချိန်တွင် အီဇူမိုဂိုဏ်းကို အပြစ်ပြုပြီးဖြစ်၍ သူတို့၏အမဲလိုက်ခြင်းကို ခံရတော့မည်ကို သိပြီးသားဖြစ်သည်။ မဟုတ်ပါက လေကျုံနှင့် လေကျွန်းတို့နှင့် ရင်ဆိုင်ရသောအခါ သူဂရုဏာပြခဲ့လိမ့်မည်။
အကယ်၍ အီဇူမိုဂိုဏ်းသည် သူ့အား အမဲလိုက်ပြီး သူ၏ မလုံလောက်သောစွမ်းအားကြောင့် သေဆုံးသွားပါက သူ ရိုးရိုးသားသားနှင့် အရှုံးကို လက်ခံမည်ဖြစ်သည်။
YOU ARE READING
ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီး
Adventureကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai Luminous (သွမ့်လင်းထျန်) လင်းထျန်ဟာ ကြောက်မက်ဖွယ်ရာ လက်နက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ရုံသာမက အတွင်းအား ကျ...